Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်ပြောင်းရွှေ့နေထိုင်သူ ၂၇ ဦးအားကယ်တင်နိုင်ခဲ့

မော်ရိုကိုရေတပ်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ၂၀၁၈ ခုနှစ်အောက်တိုဘာလက မော်ရိုကိုရေပြင်တွင်တားမြစ်ဖမ်းဆီးထားစဉ် (ဆင်ဟွာ)

ရာဘတ် မေ ၉ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံမြောက်ပိုင်း Kenitra မြို့ ရှိ မြေထဲပင်လယ်တွင် တရားမဝင်ရွှေ့ပြောင်း သွားလာသူ ၂၇ ဦးကယ်တင်နိုင်ခဲ့ကြောင်း မော်ရိုကိုတပ်မတော်က မေလ ၈ ရက်တွင် ပြောကြားသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ဦး အပါအဝင် အမျိုးသမီး၉ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော်ဘက်မှ ထောက်ပြခဲ့သည်။ အဆိုပါရွှေ့ပြောင်းသွားလာသူများကို မော်ရိုကိုနိုင်ငံမြောက်ပိုင်းမြို့ဖြစ်သည့် ကာဆာဘလန်ကာမြို့တွင် လုံခြုံစွာကယ်တင်ထားရှိကြောင်း အဆိုပါသတင်းအရင်းအမြစ်မှ မှတ်ချက်ပေးသည်။

မော်ရိုကိုနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်ရန် မော်ရိုကိုနိုင်ငံမှ ထွက်ခွာမည့်သူ ၈၈,၇၆၁ ယောက်အားတားဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)