အာဖဂန်နစ္စတန်၊ မေ ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Imam Sahib ခရိုင်ရှိ တာလီဘန်တို့၏ ပုန်းခိုရာစခန်းတစ်ခုကို မေ ၂၃ရက်က လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန် အဓိက တပ်မှူးတစ်ဦး ဖြစ်သူ Mullah Karim Mukhlis အပါအဝင် စစ်သွေးကြွ...
ကဘူးလ် ၊ မေ ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း Kandahar ပြည်နယ် Kandahar မြို့ တွင် မေလ ၂၂ ရက်နေ့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၆ ဦး...
ဘဂ္ဂဒက်၊ မေ ၂၂ ရက်(ဆင်ဟွာ) အီရတ်စစ်တပ်က မေလ ၂၁ ရက်တွင် မြောက်ပိုင်းMosulမြို့၌ IS အစွန်းရောက်အဖွဲ့အစည်း တူးဖော်ထားသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းလိုဏ်ခေါင်းအတွင်း ပုန်းလျှိုနေသည့် လက်နက်ကိုင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လက်နက်ကိုင် ၁၂ ဦး ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ရီယာ့ဒ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျ လေကြောင်းလိုင်းမှ SV3818 လေယာဉ် သည် ဆော်ဒီနိုင်ငံ မက်ဒီနာမြို့ မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ သို့ ပျံသန်းနေစဉ် ဆင်းသက်ဂီယာ ပုံမှန်အလုပ်မလုပ်တော့သည့်နောက် ဂျက်ဒါ့မြို့ ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အွန်လိုင်း Arab News...
အဘီဒီဂျန်၊ မေ ၂၀ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံအနောက်ပိုင်း Tillaberyပြည်နယ်ရှိ ကျေးရွာတစ်ရွာအား မေလ ၁၈ ရက် ညဦးပိုင်းတွင် လက်နက်ကိုင်လူတစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံး ခဲ့ကြောင်း နိုင်ဂျာနိုင်ငံ လုံခြုံရေးဝန်ကြီးဌာနက မေ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ သည်။
KINSHASA ၊ မေ ၁၈ ရက် (ဆင်ဟွာ) ကွန်ဂိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အနောက်မြောက်ပိုင်း Bikoro မြို့တွင် အီဘိုလာ (Ebola) ရောဂါဖြစ်ပွားသူအသစ် ၁၁ ဦးနှင့် ယင်းနှင့် ဆက်စပ်၍သေဆုံးသူအသစ် ၁ ဦးရှိသည်ဟု အတည်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
အက်ဒန် ၊ မေ ၁၇ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း ယီမင်အစိုးရစစ်တပ်က အနောက်ပိုင်းဒေသတွင် ဟူသီလက်နက်ကိုင် ၄၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယီမင်လုံခြုံရေးဝန်ကြီးဌာန၏ မေလ ၁၆ ရက်နေ့ သတင်းများအရ သိရသည်။
ဂါဇာ ၊ မေ ၁၆ ရက်(ဆင်ဟွာ) မေလ ၁၅ ရက် ပါလက်စတိုင်း နှစ် ၇၀ ပြည့် Nakba Day တွင် ပါလက်စတိုင်း မြို့အများအပြား၌ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး အစ္စရေးလုံခြုံရေးစစ်သားများနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့သောကြောင့် ပါလက်စတိုင်း ၂ ဦး သေဆုံးကာ လူ ၁၆၀...
ရာမယ်လ်လာ၊ မေ ၁၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မှ အမေရိကန်သံရုံးအား ဂျေရုဆလမ်မြို့သို့ အငြင်းပွားဖွယ် ပြောင်းရွှေ့မှု သည် အရှေ့အလယ်ပိုင်းဒေသအတွင်း မတည်ငြိမ်မှု နှင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားမှုကို ဦးတည်လာစေမည်ဖြစ်ကြောင်း ပါလက်စတိုင်းလေ့လာဆန်းစစ်သူများ ကပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ မေ ၁၅ ရက်(ဆင်ဟွာ) တောင်ဆူဒန်မြောက်ပိုင်း ဆူဒန်နှင့်ကပ်လျက်ရှိသော ဒေသတွင် မေလ ၁၄ ရက် က အစိုးရဆန့်ကျင်လက်နက်ကိုင်များနှင့်အစိုးရစစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ဆူဒန်အစိုးရစစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။