Connect with us

Africa & Middle East

ဆီးရီးယား-တရုတ်ဆက်ဆံရေး တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်သွားလို ကြောင်း ဆီးရီးယား သမ္မတ ဆို

ဆီးရီးယားနိုင်ငံ သမ္မတ Bashar al-Assadနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ချန်ရှောင်တုန်း တို့ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ်၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံအနေဖြင့် အရှေ့အရပ်ရှိနိုင်ငံများသို့ မျက်နှာမူအလေးထားသည့် ပေါ်လစီ(Look East Policy)ကို ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆီးရီးယား-တရုတ်နှစ်နိုင်ငံဆက်ဆံရေးနှင့် လက်တွေ့ ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာစေရန် တွန်းအားပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆီးရီးယား သမ္မတ Bashar al-Assad က မတ်လ ၁၀ ရက် တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံသည် ဆီးရီးယား-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားကြောင်း နှင့် တရုတ်နိုင်ငံ၏ ရေရှည်ကူညီထောက်ပံ့မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း သမ္မတ Bashar al-Assadက ဆီးရီးယားနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ချန်ရှောင်တုန်းနှင့် ဒမတ်စကက်စ်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထို့အပြင် ဆီးရီးယားအရေးတွင် တရုတ်နိုင်ငံက မျှတမှန်ကန်မှုကို မပြောင်းမလဲတစ်လျှောက်လုံး လက်ကိုင်ထား ခြင်းအတွက်လည်း ကျေနပ်နှစ်သိမ့်မိပါကြောင်း ၊ တရုတ်နိုင်ငံအား ဆီးရီးယားပြန်လည်တည်ဆောက် ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ၊ အရှေ့အလယ်ပိုင်း တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံ၏ ပိုမိုဆောင်ရွက်မှုများကို မျှော်လင့်ပါကြောင်း သမ္မတ Bashar al-Assadက အလေးထား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ချန်ရှောင်တုန်းကလည်း တရုတ်-ဆီးရီးယား နှစ်နိုင်ငံသည် အစဉ်အလာအရချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးရှိသလို သံတမန်ဆက်ဆံရေးထား ရှိသည့် ၆၃ နှစ်ကြာကာလတွင်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်စွာ တိုးတက်လျက်ရှိ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားကြောင်းနှင့် ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ယခုကာလများတွင် ဆီးရီးယားအခြေအနေသည် အပြုသဘောဆောင်သည့် တိုးတက်မှုများရှိနေရာ နိုင်ငံရေးနည်းလမ်းဖြင့် ဆီးရီးယားအရေးကို ဖြေရှင်းသည့် မှန်ကန်သည့်လမ်းကြောင်းကို ဆက်လက်ဆောင်ရွက်စေလို ကြောင်း နှင့် ကုလသမဂ္ဂ၏ညှိနှိုင်း ဆောင်ရွက်မှုများကို ထောက်ခံပါကြောင်း ပြောကြားခဲ့သည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.