အလက်ဇန္ဒား ၊ အီဂျစ် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်သော အလက်ဇန္ဒားမြို့၌ အောက်တိုဘာလ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် အီဂျစ်အသင်းသည် ကွန်ဂိုအသင်းအား ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်ကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ၌ လွန်ခဲ့သော ၂၄နာရီအတွင်း ပြုလုပ်ခဲ့သည့် ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် IS စစ်သွေးကြွ ၁၂၀ခန့် နှင့် နိုင်ငံခြားသား ကြေးစားစစ်သား ၆၀ဦးကျော် သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
ဂါဇာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တပ်ဖွဲ့က ဒေသတောင်ပိုင်းတွင် IS ထိပ်တန်းခေါင်းဆောင်တစ်ဦး နှင့် အခြားစစ်သွေးကြွသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဟားမတ်တပ်ဖွဲ့၏ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး က အောက်တိုဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
ကွာလာအယ်နော်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်အနောက်ပိုင်း Badghis ပြည်နယ်ရှိ ကျေးရွာများကို တာလီဘန်အကြမ်းဖက်အုပ်စုထံ သစ္စာခံထားသည့် စစ်သွေးကြွများက ထိန်းချုပ်သိမ်းပိုက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ရွာသား များစွာကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက အောက်တိုဘာ ၇ရက်တွင်ပြောကြားခဲ့သည်။
ကာဂျစ္စတန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Temir Zhumakadyrov စီးနင်းလာသော မော်တော်ယာဉ်သည် အောက်တိုဘာ ၇ ရက်တွင် အဝေးပြေးလမ်းမပေါ်၌ ကုန်တင်ကားတစ်စီး နှင့် တိုက်မိကာ ဒုတိယဝန်ကြီးချုပ် သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅ဘီလီယံတန်ဖိုးရှိသည့် THAAD ဒုံးကျည်ကာကွယ်ရေး လက်နက်များ ရောင်းချမည့်အစီအစဉ်ကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၆ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်များတွင် အပြုသဘောတိုးတက်လာသော ဆူဒန်နိုင်ငံ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်အစိုးရ က ဆူဒန်နိုင်ငံအပေါ် ဆယ်စုနှစ် ၂ခုကြာ ပိတ်ဆို့တားမြစ်မှုများကို အောက်တိုဘာ ၆ရက် က ပြန်လည်ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
ရီယာ့ဒ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသည် ကာတာနိုင်ငံသားတစ်ဦးအပါအဝင် လူ ၄၆ဦးအား လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှုများပြုလုပ်သည့် စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆော်ဒီသတင်းဋ္ဌာနက အောက်တိုဘာ ၄ ရက်တွင်ဖော်ပြခဲ့သည်။
တန်ဇန်းနီးယား၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ စီးပွားရေးမြို့တော် Dar es Salaam မြို့ တွင် အဆိပ်သင့်စေသည်ဟု ယူဆရသော ပြည်တွင်းဖြစ်ဘီယာများသောက်သုံးမှုကြောင့် လူ ၉ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းခေါင်းဆောင်တစ်ဦးက အောက်တိုဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
အဘူဂျာ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) နိုက်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း၌ စက်လှေတစ်စင်းတိမ်းမှောက်မှု ဖြစ်ပွားရာ လူပေါင်း ၂၂ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဒေသတွင်း မီဒီယာက အောက်တိုဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။