Connect with us

Africa & Middle East

မိုဇမ်းဘစ်နိုင်ငံနှင့် မော်လဝီနိုင်ငံတို့တွင် မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် လူပေါင်း ၈၄၃,၀၀၀နီးပါး ထိခိုက်ပြီး လူ ၆၀ သေဆုံး

မော်လ၀ီနိုင်ငံတွင်း ရေလွှမ်းမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အာဖရိကတိုက် တောင်ပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးရွာသွန်းမှုကြောင့် မော်လဝီနိုင်ငံ(Malawi)နှင့် မိုဇမ်ဘစ်နိုင်ငံများတွင် လူ ၆၀သေဆုံးပြီး လူပေါင်း ၈၄၃,၀၀၀ဦးနီးပါး ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၃ ရက်က ပြောကြားခဲ့သည်။

“ ကျုပ်တို့ရဲ့ လူသားချင်းစာနာထောက်ထားသော လုပ်ဖော်ကိုင်ဖက်များ အစီရင်ခံစာမှာ မော်လဝီနဲ့ မိုဇစ်ဘစ်နိုင်ငံတွေမှာ ရေလွှမ်းမိုးမှုကြောင့် လူ ၆၀ သေဆုံးပြီး လူ ၈၄၃,၀၀၀ ဦးနီးပါး ထိခိုက်သက်ရောက်မှု ခဲ့တယ်လို့ သတ်ဆိုင်ရာ အစိုးရတွေရဲ့ ပဏာမအစီရင်ခံစာများအရ သိရတယ်”ဟု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarricက ပြောကြားသည်။

ယင်း မော်လဝီနိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံ အစိုးရများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ဦးတည်လုပ်ဆောင်နေကြောင်း Dujarricကဆိုသည်။

မော်လဝီအစိုးရ အနေဖြင့် အကူအညီများပေးအပ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ဆောင်မှုအတွက် ရဟတ်ယာဉ်များ၊ ဆေးဝါးများ၊ အစားအသောက်များနှင့် ရွက်ဖျင်တဲများ အားလုံးပါဝင်သော အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများနှင့် အတူ အထောက်အပံ့များကို မေတ္တာရပ်ခံထားကြောင်း ၎င်းကဆိုသည်။

လူသားချင်းစာနာထောက်ထားမှု ရေးရာညှိနှိုင်းရေး ကုလသမဂ္ဂရုံး(OCHA)က မော်လဝီနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုတုံ့ပြန်မှု၊ ရှာဖွေကယ်ဆယ်ရေး ကြိုးစားအားထုတ်မှုများနှင့် လျင်မြန်စွာ လိုအပ်ချက်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မိုဇမ်းဘစ်နိုင်ငံ၌လည်း ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၀၃,၀၀၀ကျော် ထိခိုက်ခဲ့ရပြီး အစိုးရနှင့် လူသားချင်းစာနာထောက်ထားမှု မိတ်ဖက်များသည် ရေဘေးဒဏ်သင့်ပြည်သူများကို အကူအညီပေးလျက်ရှိကြောင်း သိရသည်။ လေးရက်ကြာ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် မော်လဝီနိုင်ငံအတွင်း လူပေါင်း ၇၃၉,၈၀၀ဦး ထိခိုက်ခဲ့ကြောင်း OCHAက ပြောကြားသည်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Idaiက မော်လဝီနိုင်ငံနှင့် မိုဇမ်းဘစ်နိုင်ငံများအား နောက်ရက်အနည်းငယ်အတွင်ူ တိုက်ခိုက်ဖြတ်သန်းမည်ဟု ခန့်မှန်းရရာ ရေလွှမ်းမိုးမှု ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း OCHA က သတိပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.