ရာဘတ်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် နိုဝင်ဘာမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း မော်ရိုကိုနိုင်ငံ လမ်းများပေါ်၌ ယာဉ်တိုက်မှုကြောင့် လူ စုစုပေါင်း ၃၄၃၅ ဦး သေးဆုံးခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး Mohamed Najib Boulifက ဇန်နဝါရီ ၉ ရက်နေ့က ပြောသည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် အီရတ်ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိလာခဲ့ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဇန်နဝါရီလ ၉ ရက်တွင် သတင်းဖော်ပြထားသည်။
ထရီပိုလီ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံရှိ လခြမ်းနီ အဖွဲ့အစည်းသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရွှေ့ပြောင်းနေထိုင်သူ ၅ဦး ၏ ရုပ်အလောင်းများကို လစ်ဗျားနိုင်ငံ၏ မြို့တော် ထရီပိုလီမြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၅၀ အကွာ၊ ဆာတီမြို့၏ ကမ်းခြေတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ Mountain View ဘူတာတွင် ဇန်နဝါရီ ၈ ရက်က ခရီးသည်တင် ရထားချင်းတိုက်မိမှုဖြစ်ပွားရာ လက်ရှိအချိန်ထိ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူ ၃၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဂါဇာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန က အစ္စရေးတို့အား ပူးပေါင်းကူညီခဲ့သော ပါလက်စတိုင်း ၄၅ဦးအား နိုဝင်ဘာလ မှစ၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဇန်နဝါရီ ၈ ရက် ကကြေညာခဲ့သည်။
ဒါကာ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဆီနီဂေါနိုင်ငံအကြား တက်ကြွပြီး လက်တွေ့ရှိသော ဆက်ဆံရေးများက အခြားနိုင်ငံများအတွက် ဥပမာကောင်းတစ်ခုဖြစ်ကြောင်း၊ ဆီနီဂေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်စုံ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဆီနီဂေါ သမ္မတ မက်ကီဆောလ် (Macky Sall) က ဇန်နဝါရီလ ၆ ရက်တွင်...
တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အီရန် နှင့် ရုရှား ရေတပ်တို့သည် ကက်စပီယန်ပင်လယ်အတွင်းတွင် ပူးတွဲ၍ စစ်ရေးလေ့ကျင့်ရန် စီစဉ်လျက်ရှိကြောင်း အီရန်ရေတပ်မှ တပ်မှူးကြီးတစ်ဦး ဇန်နဝါရီလ ၆ ရက်နေ့တွင်ပြောသည်။
လီဘရီဗယ်လီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများသည် ဇန်နဝါရီ ၇ ရက် အစောပိုင်းတွင် နိုင်ငံပိုင် အသံလွှင့်ဌာန အား သိမ်းပိုက်ပြီး နိုင်ငံတော်ကောင်စီ တစ်ရပ် ထူထောင်ကြောင်း ကြေညာခဲ့သည်ကို ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဖိုင်ဇာဘတ်ဒ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Badakhshan ပြည်နယ် Kohistan ခရိုင်တွင် ဇန်နဝါရီ ၆ရက်က မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြားလူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (NDMA) အကြီးအကဲ Sayed Abdullah...
တီဟီရန်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဇန်နဝါရီ ၆ ရက်က ပြင်းအား ၅.၉ အဆင့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ယခုအချိန်ထိ ဒဏ်ရာရသူ အနည်းဆုံး ၇၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။