အာဘိလ် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ မိုဆူးလ်မြို့ အရှေ့ပိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ကားဗုံးဖောက်ခွဲမှုများ ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၂၅ ဦးသေဆုံးခဲ့ကာ ထိုသေဆုံးသူများတွင် ပြည်သူလူထု နှင့် လုံခြုံရေး ဝန်ထမ်းများပါဝင်ကြောင်း နှင့် ဆယ်နှင့်ချီသောသူများ...
အက်ကရာ၊ ဒီဇင်ဘာ ၂၃ရက် (ဆင်ဟွာ) ဂါနာနိုင်ငံ မြို့တော် အက်ကရာမြို့တွင် ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းက ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆင်ဟွာသို့ပြောကြားခဲ့သည်။
အလက်ပို၊ ဒီဇင်ဘာ ၂၃ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ရှိ အလက်ပိုမြို့မှ နောက်ဆုံးသူပုန်အုပ်စုများ ထွက်ခွာသွားရာ အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ အလက်ပိုမြို့ အပြည့်အဝရောက်ရှိလာပြီးနောက် အလက်ပိုမြို့ အရှေ့ပိုင်းသည် သူပုန်များလက်မှ လွတ်မြောက်သွားပြီး ဖြစ်ကြောင်း ဆီးရီးယား စစ်တပ်က ဒီဇင်ဘာ ၂၂ရက်တွင် ကြေညာခဲ့သည်။
အလက်ပို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အရှေ့ပိုင်းရှိ သူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေများအား စစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် အလက်ပိုမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား မကြာမီ ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဆီးရီးယား တာဝန်ရှိသူများက ဒီဇင်ဘာလ ၂၁ ရက်က...
ဒူဘိုင်း၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ရှေးဦးအာရပ် တို့၏ သိမ်းငှက်ဖြင့် အမဲလိုက်သည့် ရိုးရာဓလေ့များ၊ စည်းမျဉ်းများ နှင့် ကျင့်ဝတ်များကို သင်ကြားပေးမည့် ကမ္ဘာ့ပထမဆုံး သင်တန်းအား ဒီဇင်ဘာ ၂၀ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ယူအေအီးနိုင်ငံပိုင် သတင်းဋ္ဌာန WAM က ဖော်ပြခဲ့သည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ပါလီမန် က အစ္စရေးအကျဉ်းထောင်များတွင် လုံခြုံရေးဆိုင်ရာပြစ်မှုဖြင့် ထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်းအကျဉ်းသားများထံသို့ လွှတ်တော်အမတ်များလာရောက်တွေ့ဆုံခြင်းကို ဒီဇင်ဘာ ၂၀ရက်က တားမြစ်ခဲ့ကြောင်း သိရသည်။
ရီယတ်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) မားစ် ကိုရိုနာ (Middle East Respiratory Syndrome [MERS] corona) ဗိုင်းရပ်စ် ကူးစက်မှု မြင့်မားလာသည့်အတွက် ဆော်ဒီအာရေဗျနိုင်ငံ ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ရာသီပေါ် တုပ်ကွေးရောဂါ ကာကွယ်ဆေးနှင့်အတူ ယင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများကို လူပေါင်း ၂...
ကိုင်ရို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပြည်တွင်းစစ်ကြောင့် ပျက်စီးနေသည့် ဆီးရီးယားနိုင်ငံအတွင်း အပစ်အခတ် ရပ်စဲရေး ချက်ချင်း လုပ်ဆောင်ရန် နှင့် နိုင်ငံရေးအရ ဆွေးနွေးပွဲ စတင် ပြုလုပ်ရန် အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး Sameh Shoukry က ဒီဇင်ဘာလ ၁၉ ရက်က...
အမ်မန်၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၈ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး နှင့် ကနေဒါနိုင်ငံသား ခရီးသွားအမျိုးသမီးတစ်ဦး အပါအဝင် လူ၁၀ဦးသေဆုံးခဲ့ကြောင်း အထွေထွေလုံခြုံရေးဋ္ဌာနက ပြောကြားခဲ့သည်။
ကန်ဒဟာ၊ အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် တောင်ပိုင်း ကန်ဒဟာပြည်နယ် မြို့တော် ကန်ဒဟာတွင် သေနတ်သမားများက မော်တော်ယာဉ် တစ်စီးအား ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) ကပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါလာသည့် လေဆိပ်မှ အမျိုးသမီး ဝန်ထမ်းများနှင့် ယာဉ်မောင်း အပါအဝင် ၅...