Connect with us

Africa & Middle East

အစ္စရေးစစ်တပ် နှင့် ပါလက်စတိုင်း သေနတ်သမားများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

အစ္စရေးတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဝက်စ်ဘန့်ခ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဝက်စ်ဘန့်ခ်ဒေသ မြောက်ပိုင်း Jenin မြို့ ရှိ အစ္စရေးစစ်တပ်တစ်တပ် နှင့် ပါလက်စတိုင်းစစ်သွေးကြွများ အကြား ဇန်နဝါရီ ၁၇ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ပါလက်စတိုင်း နှင့် အစ္စရေး လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပါလက်စတိုင်းသတင်းရင်းမြစ် က အစ္စရေးအထူးတပ်ဖွဲ့တစ်ဖွဲ့ သည် ထိုးဖောက်ဝင်ရောက်လာပြီး Jeninမြို့ အနီးရှိ Wadi Burqin မြို့သို့ အစ္စရေးစစ်တပ်က ပြင်းထန်စွာ တိုက်စစ်ဆင်မှုမပြုခင် အစ္စရေးအထူးတပ်ဖွဲ့တစ်ဖွဲ့ သည် ဦးစွာ ထိုးဖောက်ဝင်ရောက်လာကာ လက်နက်ကိုင်အုပ်စု တစ်စုဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

သတင်းရင်းမြစ်များက Naser Jarrar အမည်ရှိ ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ၏ နေအိမ်တစ်အိမ်ကို အစ္စရေးတပ်ဖွဲ့များက ဝိုင်းထားခဲ့ကြောင်း ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် အစ္စရေးသတင်းရင်းမြစ်က အဆိုပါ ဧရိယာအတွင်း အစ္စရေးစစ်သားများက စစ်ဆင်ရေးများဆောင်ရွက်နေစဉ် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု တစ်စု နှင့် အပြန်အလှန်သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်များက ပါလက်စတိုင်းမြို့တစ်မြို့ဖြစ်သည့် Nablus မြို့အနီးတွင် ဇန်နဝါရီ ၉ရက်က အစ္စရေးတရားဟောဆရာ အားသတ်ဖြတ်မှုနှင့် ဆက်စပ်နေသည့် ဟားမတ်စ်စစ်သွေးကြွအုပ်စုတစ်ခုအား ဖမ်းဆီးရန် အစ္စရေးတပ်ဖွဲ့များက ဆောင်ရွက်နေခြင်းဖြစ်ကာ တိုက်ပွဲများပြီးဆုံးသွားပြီးနောက် Jenin မြို့သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စစ်သုံးယာဉ်များပါဝင်သော အခြား အစ္စရေးတပ်ဖွဲ့တစ်ဖွဲ့သည် Haifa စခန်းအား လောင်စာဆီဖြည့်တင်းရန် သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းတွင် အလုပ်လုပ်သော လူငယ်အမျိုးသား ၂ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အတွင်းရှိ စောင့်ကြည့်ကင်မရာများကိုလည်း သိမ်းဆည်းခဲ့ကြောင်း သတင်းရင်းမြစ်ကဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.