Connect with us

Africa & Middle East

ယီမင်ရှိ ဟူသီသူပုန်များက ဆော်ဒီလေဆိပ်အား ဒုံးကျည်ဖြင့် ပစ်ခတ်

ဟူသီသူပုန်များ ပစ်ခတ်လိုက်သည့် ဒုံးကျည်အား ဆော်ဒီကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်ပစ်ချရန် ဒုံးကျည်ပစ်လွှတ်စဉ် (ဓါတ်ပုံ-အင်တာနက်)

ဆာနား၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံရှိ ဟူသီသူပုန်များ က ၎င်းတို့သည် ဆော်ဒီနိုင်ငံ နယ်စပ်ဒေသဖြစ်သည့် ဂျီဇန်ပြည်နယ် ရှိ ဒေသတွင်း လေဆိပ်တစ်ခုကို ပစ်မှတ်ထား၍ ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်ကပြောကြားခဲ့သည် ကို Saba သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ဟူသီတို့က ယင်းဒုံးကျည်သည် တာတိုပစ်ဒုံးကျည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့သော် ဆော်ဒီနိုင်ငံပိုင် Al Arabiya ရုပ်သံလိုင်းက ဆော်ဒီကာကွယ်ရေးတပ်ဖွဲ့များသည် ဂျီဇန်ပြည်နယ်ပေါ်တွင် ဒုံးကျည်အားပစ်ချခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ၂လအတွင်း ဆော်ဒီနိုင်ငံအား ယီမင်နိုင်ငံမှ ဟူသီသူပုန်တို့၏ ၆ကြိမ်မြောက် ဒုံးကျည်ဖြင့်တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။

၂၀၁၅ခုနှစ် မတ်လတွင် အမေရိကန်ကကျောထောက်နောက်ခံပေးထားသော ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့သည် ပြည်ပသို့ရောက်ရှိနေသည့် ယီမင်သမ္မတ Abd-Rabbu Mansour Hadi အား ပြန်လည်နေရာပေးရန်အတွက် ယီမင်ပဋိပက္ခအတွင်းသို့ ဝင်ရောက်စွက်ဖက်ခဲ့ကြကြောင်း သိရသည်။

မဟာမိတ်တပ်ဖွဲ့သည် ဟူသီသူပုန်များ သိမ်းပိုက်ထားသော ဒေသများကို ပြန်လည်ရယူရန် နှင့် ယီမင်သမ္မတ Hadiအား ပြန်လည်နေရာပေးရန် ဟူသီတို့အား လေကြောင်းတိုက်ခိုက်မှု ထောင်နှင့်ချီ၍ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ယင်းစစ်ပွဲကြောင့် ယီမင်နိုင်ငံသား ၁၀,၀၀၀ကျော်သေဆုံးခဲ့ရပြီး အများစုမှာ အရပ်သားများဖြစ်ကြကာ နိုင်ငံသည်လည်း အစာရေစာ ငတ်မွတ်ခေါင်းပါးမှုများဖြင့် စစ်သလင်းအသွင်သို့ ရောက်ရှိလာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.