ဒမက်စကက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သည့် လာတာကီရာမြို့တွင် ဇန်နဝါရီ ၅ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။
ဒူဘိုင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ခြင်္သေ့များနှင့် ကျားများကဲ့သို့ တောရိုင်း တိရစ္ဆာန်များအား ကိုယ်ပိုင် အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူခြင်းအား အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က တရားဝင် ခွင့်ပြုမထားကြောင်း ဒေသခံ မီဒီယာက သတင်းရေးသားထားသည်။
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဆိုမာလီယာ နိုင်ငံ ၏ မြို့တော် မိုဂါဒစ်ရှူး တွင်း တည်ရှိသော ဆိုမာလီယာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရုံး အပြင်ဝ တွင် ဇန်နဝါရီ ၄ ရက်နေ့က ကားဗုံး ဖောက်ခွဲမှု ဖြစ်ပွား ခဲ့ပြီး လုံခြုံရေး...
ရာဘက်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အရှေ့မြောက်ပိုင်း နာဒေါမြို့ ကမ်းရိုးတန်းအလွန်တွင် တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်များ၏ ရာဘာလှေတိမ်းမှောက်ခဲ့ရာ အာဖရိကတိုက် sub-Sahara ဒေသမှ အာဖရိကလူမျိုး ၄၅ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် လူသုံးဦး ၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ ၏ အီရတ် ထောက်ပံ့ရေး အဖွဲ့ မှ ယခုရက်ပိုင်းတွင် ဖော်ပြခဲ့သည့် အစီရင်ခံစာ တစ်ခုတွင် ၂၀၁၆ ခုနှစ် ၌ အီရတ် နိုင်ငံ တွင် တိုက်ခိုက်မှုများ နှင့် အကြမ်းဖက်မှုများကြောင့် အနည်းဆုံး သာမန်...
တူနီးရှား ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) တူနီးရှား ပြည်ထဲရေး ဝန်ကြီး Hedi Majdoub က ဇန်နဝါရီ ၃ ရက်နေ့တွင် တူနီးရှား လုံခြုံရေး ဌာန အနေဖြင့် တူနီးရှား နိုင်ငံသား အကြမ်းဖက် သမားများ ၂၉၀၀ ဦး ၏...
အန်တာနာနာရီဗို၊ ဇန်နဝါရီ ၄ရက် (ဆင်ဟွာ) မက်ဒါဂတ်စကာနိုင်ငံ အရှေ့ပိုင်း မာနာကာရာမြို့တွင် တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၅၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၃ရက်တွင်ပြောကြားခဲ့သည်။
ဂျေရုဆလမ် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ ရှေ့နေချုပ် Avichai Mandelblit သည် ဇန်နဝါရီလ ည သန်းခေါင်ချိန်တွင် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ က အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Netanyahu အား ကုန်သည်များ ထံမှ...
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဆိုမာလီယာ Galmudug ဒေသ အစိုးရ နှင့် Puntland ဒေသ အစိုးရ တို့သည် ဇန်နဝါရီ ၂ ရက်နေ့တွင် ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူး တွင် ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်ကိုချုပ်ဆို ခဲ့ကြပြီး...
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ နိုက်ကလပ် တစ်ခု စက်ဆုပ်ဖွယ်ကောင်းသော အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် ကြေကွဲ ဝမ်းနည်းကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီလ ၁ ရက်က ပြောကြားလိုက်သည်။