Connect with us

Africa & Middle East

လစ်ဗျားတွင် ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၂ဦးအထိ မြင့်တက်လာ

လစ်ဗျားတွင် ဇန်နဝါရီ ၂၃ ရက် က ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ထရီပိုလီ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့ တွင် ဇန်နဝါရီ ၂၃ရက်က ကားဗုံး ၂လုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် ၂၂ဦးအထိမြင့်တက်လာခဲ့ကြောင်း ဆေးကုသရေးသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

ဘန်ဂါဇီမြို့ရှိ အယ်ဂျာလားဆေးရုံ၏ သတင်းအချက်အလက်ရုံးမှ တာဝန်ရှိသူ Fadia Al-Barghathi က “အခုထုတ်ပြန်တဲ့ သေဆုံးသူစာရင်းဟာ အယ်ဂျာလားဆေးရုံတစ်ခုတည်းရဲ့ စာရင်းဖြစ်ပါတယ်။ မြို့အတွင်းရှိ အခြားဆေးရုံတွေနဲ့ ဆေးပေးခန်းတွေကို ပြောင်းရွှေ့ပေးလိုက်တဲ့ လူနာတွေ ရှိနေပါသေးတယ်” ဟုဆင်ဟွာသို့ ပြောကြားခဲ့သည်။

Al-Barghathi က ဆေးရုံတွင် ယခုအချိန်အထိ သေဆုံးသူ ၂၂ဦး နှင့် ဒဏ်ရာရရှိသူ ၂၁ဦးကို လက်ခံထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘန်ဂါဇီမြို့၌ ကားဗုံး ၂လုံးပေါက်ကွဲမှုသည် ဇန်နဝါရီ ၂၃ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပထမပေါက်ကွဲမှုသည် ဗလီတစ်ခု၌ ညပိုင်းဝတ်ပြုမှုအပြီး ဝတ်ပြုသူများ အပြင်ဘက်သို့ ထွက်လာစဉ် ယင်းဗလီအရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒုတိယမြောက်ပေါက်ကွဲမှုသည် အလားတူနေရာ၌ပင် လူနာတင်ကားများ ရောက်ရှိလာပြီးနောက် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများ နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

လစ်ဗျားစစ်တပ် အထူးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Milud Al-Zwai က စစ်တပ်၏ အထူးထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်မှူးဖြစ်သူ Ahmed Ali Al-Fitouri သည် ယင်းဗုံးပေါက်ကွဲမှုများအတွင်း သေဆုံးသွားခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုသို့ ပြောကြားခဲ့သည်။

လုံခြုံရေး သတင်းရင်းမြစ်များအရ အကြီးတန်း လစ်ဗျားထောက်လှမ်းရေးအရာရှိဖြစ်သူ ဗိုလ်မှူးချုပ် Mahdi Al-Falah သည် ပထမဗုံးပေါက်ကွဲမှုတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်Khalifa Hafter ဦးဆောင်သည့် အရှေ့ပိုင်းစစ်တပ်က ဘန်ဂါဇီမြို့တစ်မြို့လုံးကို ထိန်းချုပ်ခဲ့ပြီး မြို့အတွင်း ရှိ အကြမ်းဖက်အုပ်စုများအား စစ်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက် ဘန်ဂါဇီမြို့တွင် လများစွာကြာအောင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.