Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ မြို့တော် ရှိ ကားဂိတ် တစ်ခု ၌ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၉ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိ

ဆီးရီးယား နိုင်ငံ မြို့တော် တွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု ပြီးနောက် ပျက်ဆီးမှု များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စကပ်စ် အရှေ့ပိုင်း ရှိ ကားဂိတ် တစ်ခု တွင် ဇန်နဝါရီ ၂၂ ရက်နေ့ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှု ခံခဲ့ရသောကြောင့်အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်တွင် ဇန်နဝါရီ ၂၂ ရက်နေ့ ၌ မြို့တော် အရှေ့ပိုင်း အရှေ့ Ghouta ဒေသရှိ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်း က အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြရာ အမြောက်ဆံ တစ်ခု က ကားဂိတ် တစ်ခုတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ပြီး အချို့ က ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ အခြားရပ်ကွက်များသို့ ကျရောက်သွား ခဲ့သည့် အမြောက်ဆံ များကြောင့် ကား နှင့် အဆောက်အဦ များလည်း ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း ၊ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် အမြောက်များ ပစ်ခတ် ခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း တည်နေရာများသို့ တိကျစွာ ပြန်လည် တိုက်ခိုက်ခြေမှုန်း နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အရှေ့ Ghouta ဒေသ သည် ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်း ၏ အရေးပါသည့် တပ်စခန်း တည်နေရာ ဖြစ်သည်။ ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က ၂၀၁၇ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့တွင် အရှေ့ Ghouta ဒေသ ၌ အပစ်အခတ် ရပ်စဲ ရန် ကြေညာခဲ့သော်လည်း တိုက်ခိုက်မှုများ ဆောင်ရွက်ပါက ပြန်လည် တိုက်ခိုက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.