Connect with us

Africa & Middle East

တူရကီနိုင်ငံ၏ Afrin စစ်ဆင်ရေးအတွင်း ကာ့ဒ်သူပုန် ၂၆၀ ဦး သေဆုံးကြောင်း တူရကီ စစ်တပ်ပြောကြား

တူရကီ စစ်တပ် တင့်ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Afrin ခရိုင်အတွင်း ဇန်နဝါရီလ ၂၀ ရက်က စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ကာ့ဒစ် ပြည်သူ့ ကာကွယ်ရေးယူနစ်များ (YPG) အဖွဲ့ဝင် အနည်းဆုံး ၂၆၀ သေဆုံးခဲ့ကြောင်း တူရကီစစ်တပ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြားခဲ့သည်။

အဆိုပါ “Operation Olive Branch” စစ်ဆင်ရေးသည် စီစဉ်ထားသည့်အတိုင်း အောင်မြင်စွာ ဆက်လက် လုပ်ဆောင်နိုင်ကြောင်း တူရကီ စစ်တပ်က ထုတ်ပြန်ချက်တစ်စောင်၌ ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးအတွင်း တူရကီ စစ်သား တစ်ဦး သေဆုံးပြီး အခြားသူ တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ဆင်ရေးတစ်လျှောက် တူရကီစစ်တပ်ဘက်မှ သေဆုံးသူ သုံးဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တူရကီ စစ်တပ်သည် ကာ့ဒ်နယ်မြေအတွင်း YPG အဖွဲ့ဝင်များအား ပစ်မှတ်ထားပြီး နယ်စပ်တစ်လျှောက် မြေပြင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

YPG သည် ဝရမ်းပြေး ကာ့ဒစ်စတန် အလုပ်သမားများ ပါတီ (Kurdistan Workers’ Party) နှင့် ချိတ်ဆက်မှုရှိပြီး တူရကီမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ဆီးရီးယား မြောက်ပိုင်းက အဖွဲ့တစ်ဖွဲ့ဖြစ်သည့် PYD ၏ သူပုန်လက်ခွဲအဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.