ကဘူးလ်၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ) အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နောက်ဆုံး စစ်ဆင်ရေးများအတွင်း စစ်သွေးကြွအရေအတွက် အများအပြား သုတ်သင်နိုင်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က နိုဝင်ဘာ ၂၃တွင်ပြောကြားခဲ့သည်။
အန်ကာရာ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံမှ ဂျက်တိုက်လေယာဉ်များသည် Euphrates ဒိုင်းစစ်ဆင်ရေးအောက်တွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်း Al-Bab မြို့အနီးရှိ အိုင်အက်စ်အကြမ်းဖက်သမားများရှိရာ ပစ်မှတ် ၁၇ ခုကို နိုဝင်ဘာလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ရမ်မာဒီ၊ နိုဝင်ဘာ ၁၈ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ် Fallujah မြို့အနီးရှိ မြို့တစ်မြို့တွင် နိုဝင်ဘာ ၁၇ရက်က မင်္ဂလာဆောင်တစ်ခုအား ပစ်မှတ်ထား၍ အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် လူ ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာလုံခြုံရေး သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။
မာပူတို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း တွင် နိုဝင်ဘာ ၁၇ရက်က ဆီတင်ကားတစ်စီးပေါက်ကွဲခဲ့၍ လူ ၇၃ဦးထက် မနည်း သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း မိုဇမ်ဘစ်အစိုးရက ပြောကြားခဲ့သည်။
အက်ခရာ ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ ဆိပ်ကမ်း အင်ဂျင်နီယားရင်း ကုမ္ပဏီ လီမိတက် (CHEC) မှ တာဝန်ယူတည်ဆောက်မည့် ဂါနာ (GANA)-တီမာ(TEMA) ဆိပ်ကမ်း (TEMA ဆိပ်ကမ်း) တိုးချဲ့တည်ဆောက်မှု ကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား တစ်ရပ်ကျင်းပခဲ့ပြီး...
ကင်မရွန်း၊ နိုဝင်ဘာ ၁၆ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ အရှေ့ပိုင်းဒေသတွင် လွန်ခဲ့သည့် အပတ်က Odontol အမည်ရှိ ရိုးရာအရက် သောက်သုံးပြီးနောက် လူ ၂၀ဦးသေဆုံးခဲ့ပြီး အခြား ၁၀ဦးမှာ အခြေအနေ စိုးရိမ်ရကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြည်တွင်း သတင်းစာ Cameroon Tribune က နိုဝင်ဘာ...
ဝဲလ်လင်တန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ေ၈ျာ်ဒန်ဘုရင် အဗ္ဗဒူလ်လာ ၂ သည် အီရတ်ရှိ အိုင်အက်စ် အကြမ်းဖက်သူများအား ဆန့်ကျင် တိုက်ဖျက်ရေး အပါအဝင် အရှေ့အလယ်ပိုင်းအရေး ကိစ္စများ ဆွေးနွေးရန် ယခုလအတွင်း နယူးဇီလန်သို့ တရားဝင်ချစ်ကြည်ရေး ခရီးလာရောက်မည် ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးက...
ကဘူးလ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၌ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း သိရသည်။
ရီယာ့ဒ်၊ နိုဝင်ဘာ ၁၅ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ တရားရုံးတစ်ခု သည် အာရှအလုပ်သမားတစ်ဦးအား ဝန်ထမ်းများရှေ့တွင် ၎င်း၏ မုတ်ဆိတ်အား အတင်းအကျပ်ရိတ်ခိုင်းမှုဖြင့် အာရပ်လူမျိုး မန်နေဂျာတစ်ဦးအား ထောင်ဒဏ် တစ်နှစ် နှင့် ကြိမ်ဒဏ် အချက် ၉၀၀ ချမှတ်ခဲ့ကြောင်း ပြည်တွင်းသတင်းစာ Okaz က နိုဝင်ဘာ ၁၄ရက်တွင်...
ဂျေရုစလင်၊ နိုဝင်ဘာ ၁၀ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့် သည် အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu အား ဝါရှင်တန်၌ ၎င်းနှင့် တွေ့ဆုံရန် နိုဝင်ဘာ ၉ရက် ဖုန်းပြောစဉ်က ဖိတ်ခေါ်ခဲ့ကြောင်း အစ္စရေးနိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။