အဘူဂျာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ တောင်ဘက်စွန်းတွင် တည်ရှိသည့် ဘွန်နီ (Bonny) ကျွန်း ကမ်းရိုးတန်းအလွန်တွင် ရုရှားနိုင်ငံသားတစ်ဦး နှင့် အတူ ထောက်ပံ့ရေး သင်္ဘောတစ်စီးအား ပင်လယ်ဓါးပြများကပြန်ပေးဆွဲခဲ့ကြောင်း နိုင်ဂျီးရီးယား ရေတပ်က ဖေဖော်ဝါရီလ ၂၄ရက်နေ့က ပြောကြားခဲ့သည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) အစိုးရများက ၎င်းတို့၏နိုင်ငံသားများအား လက်ဘနွန်သို့ သွားရောက်ခြင်း မပြုရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတိပေးပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြန်လည် စတင်မည့် အပစ်အခတ် ရပ်စဲရေးအတွက် အစီအစဉ် တစ်ခုအား အမေရိကန်နှင့် ရုရှားတို့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြေညာလိုက်ကြောင်း အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဋ္ဌာနက ပြောသည်။
ဒမားစကက်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဆီးရီးယား အစိုးရတပ်အား နိုင်ငံ မြောက်ပိုင်းရှိ အလက်ပိုမြို့နှင့် ဆက်သွယ်သည့် တစ်ခုတည်းသော လမ်းကြောင်းအား အစ္စလာမ်မစ် စတိတ် (Islamic State) က ဖြတ်တောက်လိုက်ကြောင်း Pan-Arab al-Mayadeen TV က သတင်း တင်ပြထားသည်။
ဒမားစကက်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ဒမားစကက်ရှိ ရှီအိုက်ခရိုင်တွင် ဖေဖော်ဝါရီ ၂၁ ရက်က ဗုံး သုံးလုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA တွင် ဖော်ပြထားသည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ကာ့ဒ် အလုပ်သမားများပါတီ (PKK) အကြမ်းဖက်အဖွဲ့သည် ဖေဖော်ဝါရီ၁၉ ရက်နေ့က တူရကီနိုင်ငံ အရှေ့တောင်ပိုင်း တွင် ဖမ်းဆီးပြန်ပေးဆွဲခဲ့သည့် တူရကီ ဂျာနယ်လစ် ၃ဦးအား ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ ကြောင်း Dogan သတင်းဌာန က...
ဒမာစကက်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်မြို့၌ ဖေဖော်ဝါရီလ ၂၁ ရက်က ကားထောင်ချောက်ဗုံး နှစ်လုံးတွဲ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း စောင့်ကြည့်ရေး အဖွဲ့က သတင်းဖော်ပြထားသည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ မြို့တော် အန်ကာရာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၈ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာ ရရှိခဲ့ကာ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ သံသယရှိသူ ၁၄ ဦးအား...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် လွန်ခဲ့သည့်လက ပျောက်ဆုံးကြောင်း ကြေညာထားသည့် အမေရိကန် ၃ ဦးမှာ လွတ်မြောက် လာပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၁၆ ရက် အတည်ပြုပြောကြားလိုက် သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံရေးနှင့်ပတ်သက်၍ ဆီးရီးယား၏ ပြိုင်ဘက် အုပ်စုများ ဖေဖော်ဝါရီလ ၂၅ ရက် စေ့စပ်ဆွေးနွေး ရေး စားပွဲဝိုင်းများပေါ်သို့ ပြန်လည်ရောက်ရှိလာရေးအတွက် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် စတပ်ဖန် ဒီ မစ်တူရာ ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း ကုလသမဂ္ဂ...