Connect with us

Africa & Middle East

ဆော်ဒီတွင် IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးအား ထောင်ဒဏ် နှစ်၂၀ချမှတ်

ရီယာ့ဒ်၊ သြဂုတ် ၇ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံတရားရုံးတစ်ခု က IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုဖြင့် သြဂုတ် ၆ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ပြည်တွင်း Alyaum အွန်လိုင်းသတင်းကဖော်ပြခဲ့သည်။

ရီယာ့ဒ်တရားရုံးက အဆိုပါ တရားခံအား ပြည်ပသံရုံးများ နှင့် တာဝန်ရှိသူများ၊ ဆော်ဒီနိုင်ငံ မြောက်ပိုင်း နယ်စပ်ရှိ Arar လေဆိပ်ကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြံစည်မှုတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ယင်းတရားခံသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံရှိ IS စစ်စခန်းများသို့ ဝင်ရောက်ခဲ့ပြီးနောက် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ဆော်ဒီနိုင်ငံသို့ ပြန်လာခြင်းဖြစ်သည်။

တရားရုံးက ၎င်းအား နှစ် ၂၀ ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံအနှံ့အပြားတွင် သွေးထွက်သံယိုဖြစ်စေသည့် အကြမ်းဖက် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီအစိုးရသည် အစွန်းရောက်များနှင့် အကြမ်းဖက်သမားများအား အပြစ်ပေး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းအနက် နှစ်ကာလရှည်ထောင်ဒဏ်ချမှတ်ခြင်းသည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117