Connect with us

Africa & Middle East

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ မြို့တော် တွင် တိုက်ခိုက်မှု များ ဖြစ်ပွား ခဲ့သောကြောင့် လူပေါင်း ၁၂ ဦး သေဆုံး

တိုက်ခိုက်မှု များဖြစ်ပွား ခဲ့သည့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ မြို့တော် Kinshasa အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဘရာဇာဗေလီ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ မြို့တော် Kinshasa တွင် သြဂုတ်လ ၇ ရက်နေ့၌ တိုက်ခိုက်မှု များဖြစ်ပွားသောကြောင့် လူပေါင်း ၁၂ ဦး သေဆုံး ခဲ့ရကြောင်း သတင်းဖော်ပြချက်များအရ သိရှိခဲ့ရသည်။

Kinshasa မြို့ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ရုပ်မြင်သံကြား မှ ကြေညာခဲ့သည့် ထုတ်ပြန်ချက်တွင် Kinshasa မြို့ တွင် သြဂုတ်လ ၇ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု များသည် အစွန်းရောက် အဖွဲ့အစည်း Bundu dia Kongo (BDK) မှ ဆောင်ရွက်ခဲ့ကြောင်း ကို အတည်ပြု ပြောကြား ခဲ့ပြီး တိုက်ခိုက်မှု ကြောင့် လူပေါင်း ၁၂ ဦး သေဆုံးသည့် အနက် ၄ ဦး မှာ တိုက်ခိုက်သူ များဖြစ်ကြောင်း သိရှိခဲ့ရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ BDK လက်နက်ကိုင် အဖွဲ့အစည်း သည် သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် Kinshasa မြို့ရှိ လမ်းများကို သိမ်းပိုက်ခဲ့ပြီး မာခါလာဗဟိုအကျဉ်းထောင် ကို တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြောင်း ၊ ထို့နောက်တွင် လုံခြုံရေး တပ်ဖွဲ့၏ ခုခံမှု နှင့် ကြုံတွေ့ခဲ့ရပြီး လက်ရှိချိန်တွင် လက်နက်ကိုင် အဖွဲ့ဝင် များကို ဖမ်းဆီး နိုင်ခဲ့ကာ စစ်ဆေးမှု များဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ရသည်။

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် မေလပိုင်းမှ စတင်၍ တိုက်ခိုက်မှု များ ဖြစ်ပွား ခဲ့ပြီး မေလ ၁၇ ရက်နေ့ က ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု တွင် BDK လက်နက်ကိုင် အဖွဲ့အစည်း သည် မာခါလာဗဟိုအကျဉ်းထောင် ကို တိုက်ခိုက်ခဲ့ကာ တိုက်ခိုက်မှု အတွင်း ထို အကျဉ်းထောင် ၌ ဖမ်းဆီး ထားသော ၎င်းတို့အဖွဲ့အစည်း ၏ ခေါင်းဆောင် နှင့် အခြား အဖွဲ့ဝင် များကို ကယ်ထုတ် နိုင်ခဲ့သည်။ ထို့နောက်တွင် အကျဉ်းထောင် နှင့် လုံခြုံရေး အစောင့်များကို တိုက်ခိုက်သည့် ကိစ္စရပ်များ ဆက်လက်ဖြစ်ပွား ခဲ့ပြီး ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ က BDK လက်နက်ကိုင် အဖွဲ့အစည်း ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်လိုက်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.