Africa & Middle East
ကင်ညာ နိုင်ငံ တွင် ယာဉ်အများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦး သေဆုံး ၈ ဦး ဒဏ်ရာရရှိ
နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ကင်ညာ နိုင်ငံ အနောက်ပိုင်း Nakuru ဒေသ ၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းအချိန်တွင် ကားအများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာ နိုင်ငံ အစိုးရ အရာရှိ က ပြောကြား ခဲ့သည်။
Nakuru ဒေသ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ချက်အရ ကုန်တင်ကား တစ်စင်း က ကင်ညာ နိုင်ငံမြို့တော် သို့ လာရောက်သည့် အမြန်လမ်းတွင် အရှိန်မထိန်း နိုင်တော့ဘဲ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ရာ ကားပေါင်း ၇ စင်း ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရသည်။
ယခု ဖြစ်ပွား ခဲ့သည့် ယာဉ်အများ ဆင့်တိုက်မှု တွင် ဒဏ်ရာရရှိသူ အများစု မှာ ယာဉ်မောင်းများ ဖြစ်ကြပြီး လက်ရှိချိန်တွင် ကင်ညာ နိုင်ငံ ရဲတပ်ဖွဲ့ ယာဉ်တိုက်မှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေပြီး ဖြစ်ကြောင်း သိရှိရသည်။
ကင်ညာ နိုင်ငံ တွင် လတ်တလော ကာလ ပိုင်း တွင် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း လူပေါင်း ၂၅၀ ခန့် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရကာ ယာဉ်တိုက်မှု ၈၀ ရာခိုင်နှုန်း သည် ယာဉ်မောင်း၏ မှားယွင်းမှုကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။(Xinhua)