Connect with us

Africa & Middle East

ကူဝိတ်နှင့် စွမ်းအင် ပူးပေါင်းမှု ခိုင်မာရေး တရုတ် ဒုတိယ ဝန်ကြီးချုပ် ပြောကြား

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ (ယာ) နှင့် ကူဝိတ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဂျဘာ အယ်လ်-မူဘာရတ် အယ်လ်-ဟာမတ် အယ်လ်-ဆာဘာ (ဝဲ) တို့အား သြဂုတ်လ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကူဝိတ်နိုင်ငံနှင့်အတူ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိက သြဂုတ်လ ၂၂ ရက်က ပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီ အဖွဲ့ဝင် ကျန်းက ကူဝိတ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဂျဘာ အယ်လ်-မူဘာရတ် အယ်လ်-ဟာမတ် အယ်လ်-ဆာဘာ (Sheikh Jaber Al-Mubarak Al-Hamad Al-Sabah) နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်က ကူဝိတ်နှင့်အတူ လက်တွဲကာ စွမ်းအင် ထောက်ပံ့ရေး လိုအပ်မှုအပြင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအပေါ် ကာလရှည်နှင့် တည်ငြိမ်သော မိတ်ဖက်များအဖြစ် ထောက်ပံ့သွားရန် ဆန္ဒရှိကြောင်း ကျန်းက ပြောသည်။

နှစ်နိုင်ငံလုံးအနေဖြင့် နယ်ပယ်အားလုံး၌ တည်ကြည်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု တစ်ခု အောင်မြင်စေရန် လုပ်ဆောင်ခဲ့စဉ်ကတည်းက နှစ်နိုင်ငံ အစိုးရများ၊ ဥပဒေပြုလွှတ်တော်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအကြား ဖလှယ်မှုများ အရှိန်မြှင့် လုပ်ဆောင်ရန်၊ ကူဝိတ်၏ Silk City စီမံချက်၊ ကူဝိတ်နိုင်ငံ၏ ကမ်းရိုးတန်းပြင်ပရှိ ကျွန်း ငါးကျွန်းအား လွတ်လပ်သော ကုန်သွယ်မှုဇုန်များအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေမည့် အစီအစဉ် တစ်ခု ရှေ့ဆက် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ကျန်းကဆိုသည်။

ထို့ပြင် ကျန်းက ကူဝိတ်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး လုပ်ဆောင်ရန် အသင့်ရှိကြောင်း၊ အခြား အာရပ်နိုင်ငံများတွင် ငွေကြေးဆိုင်ရာနှင့် ကုန်သွယ်မှု အချက်အခြာ တစ်ခု တည်ထောင်ရာတွင် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သလို ကူဝိတ် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုအား တရုတ်က ကြိုဆိုကြောင်းနှင့် ကူဝိတ်တွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြရန် တရုတ် ကုမ္ပဏီများအား ဆက်လက် တိုက်တွန်းသွားမည်ဟု ဆိုသည်။

ကူဝိတ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဂျဘာ အယ်လ်-မူဘာရတ် အယ်လ်-ဟာမတ် အယ်လ်-ဆာဘာကလည်း တရုတ်နှင့် အစဉ်အလာရှိပြီးသား ချစ်ကြည်ရင်းနှီးမှုအား တန်ဖိုးထားပါကြောင်း၊ Silk City နှင့် တရုတ်၏ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုနှင့်အတူ ကျွန်း ငါးကျွန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ ပိုမို ပေါင်းစည်းလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.