Africa & Middle East
ဂျော်ဂျီယာနိုင်ငံ အနောက်ပိုင်းရှိ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် လူ ၆ ဦး သေဆုံး

တီဘလီစီ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
ဂျော်ဂျီယားနိုင်ငံ အနောက်ပိုင်း တီခီဘူလီမြို့ရှိ ကျောက်မီးသွေးတွင်း တစ်ခုမှာ ဧပြီလ ၅ ရက်က ပြိုကျခဲ့ရာ အနည်းဆုံး သတ္တုတွင်းလုပ်သား ၆ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဂျော်ဂျီယာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။
ကနဦး စုံစမ်းစစ်ဆေးချက်အရ Mindeli ကျောက်မီးသွေးတွင်း၏ မျက်နှာပြင်ပြိုကျမှုကြောင့် တူးမြောင်းနံရံများ ပျက်စီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ထို့ပြင် အဆိုပါ ကျောက်မီးသွေးတွင်းသည် သတ္တုတွင်း ဘေးကင်းရေး သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ရှိမရှိအား ထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ဂျော်ဂျီယာနိုင်ငံ အနောက်ပိုင်း တီခီဘူလီမြို့မှ ၅၀ ကီလိုမီတာအကွာရှိ Chiatura ဒေသတွင် မတ်လ ၂၆ ရက်က အခြား သတ္တုတွင်း တစ်ခု ပြိုကျမှု ဖြစ်ပွားခဲ့ပြီး သတ္တုတွင်းလုပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)