Connect with us

Africa & Middle East

ဆိုမာလီအယ်လ်ရှာဘတ် လက်နက်ကိုင် ၃၇ ဦးအား အမေရိကန်စစ်တပ်မှ သုတ်သင်ရှင်းလင်း

ဆိုမာလီ အယ်လ်ရှာဘတ်လက်နက်ကိုင်များ တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ နိုဝင်ဘာ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်စစ်တပ်သည် နိုဝင်ဘာ ၁၉ ရက်က ဆိုမာလီယာနိုင်ငံအလယ်ပိုင်းရှိ အစွန်းရောက် အယ်လ်ရှာဘတ် လက်နက်ကိုင်များအား ပစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင် ၃၇ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖဂန်စစ်ဌာနချုပ်က နိုဝင်ဘာ ၂၀ ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်တပ်သည် ဆိုမာလီယာအစိုးရစစ်တပ်နှင့်အတူ ဆိုမာလီယာနိုင်ငံအလယ်ပိုင်းရှိ အယ်လ်ရှာဘတ်လက်နက်ကိုင်များစုဝေးရာနေရာသို့ ဦးတည်၏ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ပထမအအကြိမ်တွင် လက်နက်ကိုင် ၂၇ ဦး ၊ ဒုတိယအကြိမ်တွင် လက်နက်ကိုင် ၁၀ ဦး အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ၊ အမေရိကန်စစ်တပ်သည် ဆိုမာလီအခြေစိုက် အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့(AMISOM) ၊ ဆိုမာလီယာလုံခြုံရေးတပ်ဖွဲ့များနှင့် ဆက်လက်ပူးပေါင်း ကာ အကြမ်းဖက်သမားများကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်သည် အယ်လ်ကိုင်ဒါးနှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်း ဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့်အခြားအိမ်နီးချင်းနိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်မှု ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.