Connect with us

Africa & Middle East

ဆီရာလီယွန်တွင် အုတ်ဂူ ရာပေါင်းများစွာ အမည်မသိလူများမှ ဖောက်ထွင်းခံရ

Ascension သင်္ချိုင်းရှိ အုတ်ဂူများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဖရီးတောင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်လအတွင်း ဆီရာလီယွန် နိုင်ငံ မြို့တော်က သင်္ချိုင်း အနည်းဆုံး ၆ ခုရှိ အုတ်ဂူ ရာပေါင်းများစွာ အား အနက်ရောင် ဝတ်ဆင်ထားသည့် အမည်မသိ အမျိုးသားများ၏ ဖောက်ထွင်းခံရကြောင်း စည်ပင်သာယာ တာဝန်ရှိသူများက အမျိုးသား အသံလွှင့်ဋ္ဌာန ဖြစ်သည့် Sierra Leone Broadcasting Corporation သို့ ပြောကြား ခဲ့သည်။

ဖရီးတောင်းမြို့ ကောင်စီ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရာရှိ ဆူလိုင်မန် ပါကာ ပြောကြားချက်အရ မကြာသေးမီ လများအတွင်း မြို့ အနောက်ဘက်ရှိ Ascension သင်္ချိုင်း၌ အနည်းဆုံး သင်္ချိုင်း အုတ်ဂူ ၄၀၀ ဖွင့်ဖောက်ခံ ထားရပြီး အလောင်းကောင်များအား ထုတ်ယူ၍ ပစ္စည်းများ ရှာဖွေထားသည်ကို တွေ့ရကြောင်း သိရသည်။
Kingtom သင်္ချိုင်း အနီးတွင်လည်း အုတ်ဂူ ၃၀၀ ကျော်တွင် အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး အလောင်းကောင်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများအား အပြင်သို့ ထုတ်ယူထားသည်ကို တွေ့ရှိရကြောင်း ပါကာ က ဆိုသည်။
“အရင်တုန်းကလဲ ဒီလို အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး သူခိုးတွေက အလောင်းကောင်တွေ ဆီကနေ တန်ဖိုးကြီး လက်ဝတ်ရတနာတွေ၊ နာရီတွေ၊ လက်စွပ်တွေနဲ့ အဆင်တန်ဆာတွေကို ခိုးယူခြင်းစတဲ့ စီးပွားရေးဆိုင်ရာ ပြစ်မှုအဖြစ် ကျွန်တော်တို့ သတ်မှတ်ထားတယ်” ဟု ၎င်းက ပြောသည်။
ဂူသင်္ချိုင်း အားလုံးကို နံနက် ၈း၀၀ နာရီမှ ည ၆း၀၀ နာရီအတွင်း မြို့တော် ရဲတပ်ဖွဲ့က စောင့်ကြည့်နေသော်လည်း ယခုလို အန္တရာယ်များ ရပ်တန့်စေရန် လက်နက်ကိုင် ရဲတပ်ဖွဲ့အား အမြဲတမ်း တပ်ဖြန့် စောင့်ကြည့်ရန် အတွက် ပြောကြားထားကြောင်း သိရသည်။
အဆိုပါ ဂူသင်္ချိုင်း နှစ်ခုအနီး နေထိုင်သူများက အပတ်စဉ်တိုင်း ညအချိန်များ၌ ယင်းသင်္ချိုင်းများမှ ဆူညံသည့် အသံများ ကြားရကြောင်း ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.