Africa & Middle East
ဆီးရီးယားတွင် အမေရိကန်က စစ်ရေးကိစ္စများတွင် တိုက်ရိုက် စွက်ဖက်မှုအား အီရန်သတိပေး
တီဟီရန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက ဆီးရီးယားနိုင်ငံ စစ်တပ်ကို ဆန့်ကျင်၍ စစ်ရေးကိစ္စများတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုများ နှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ကြောင်း ရုပ်သံလိုင်းတစ်ခု က အောက်တိုဘာ ၃ ရက်တွင်ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံသည် ဖြစ်လာနိုင်ခြေရှိသည့် အမေရိကန်နိုင်ငံ ၏ ဝင်ရောက်ကျူးကျော်မှုကို ပြန်လည်တိုက်ခိုက်နိုင်သည့်အတွက် ဆီးရီးယားနိုင်ငံ၏ စစ်ရေး၌ ဝင်ရောက်စွက်ဖက်ခြင်းသည် အမေရိကန်တပ်ဖွဲ့အနေဖြင့် သေကြောင်းကြံစည်သကဲ့သို့ဖြစ်နိုင်ကြောင်း အီရန်ဘာသာရေးခေါင်းဆောင်၏ အကြီးတန်းအကြံပေး Ali Akbar Velayati ကပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံနှင့် အီရတ်နိုင်ငံတို့တွင် စစ်ရေးအရ ရှုံးနိမ့်မှုများကို ခံစားခဲ့ရပြီးဖြစ်ပြီး အကယ်၍ အမေရိကန်သည် ဆီးရီးယား၏ စစ်ရေးကိစ္စများတွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုများပြုလုပ်လာပါက နောက်ထပ် စစ်ရေးအရ သိသာထင်ရှားသည့် ရှုံးနိမ့်မှုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
အီရန်နိုင်ငံသည် စစ်သွေးကြွအုပ်စုများအား တိုက်ခိုက်နေသည့် ဆီးရီးယားအစိုးရ၏ ဒေသတွင်း အဓိက မဟာမိတ်နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)