Africa & Middle East
ဆီးရီးယားသို့ တန် ၆၀ အလေးချိန်ရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရုရှားပေးပို့်
မော်စကို၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် တန် ၆၀ အလေးချိန်ရှိ လူသားချင်း စာနာထောက်ထားမှု အကူအည ီပစ္စည်းများအား ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Hmeymim ရုရှား လေတပ်စခန်းသို့ ပေးပို့ခဲ့ကြောင်း ဆီးရီးယားနိုင်ငံရှိ အစိုးရနှင့် အတိုက်အခံများ ပြန်သင့်မြတ်ရေးအတွက် ဖွင့်လှစ်ထားသည့် ရုရှားစင်တာက မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားဘက် က ရုရှားသည် ဆီးရီးယားနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ အပစ်အခတ် ရပ်စဲရေးတွင် ပါဝင် ပူးပေါင်းခဲ့သည့် မြို့များနှင့် ကျေးရွာများထံသို့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့ ကြားဝင် ဆောင်ရွက်ခဲ့သည့် ဆီးရီးယား အပစ်အခတ် ရပ်စဲရေးသည် ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင် အသက်ဝင်ခဲ့ပြီး စစ်ပွဲများကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားနေသည့် နိုင်ငံအတွက် တည်ငြိမ် အေးချမ်းမှုများ ဖော်ဆောင်ပေးနိုင်ခဲ့သည်။
သို့သော် မကြာသေးမီက အစိုးရနှင့် အတိုက်အခံ အုပ်စုများ အကြား တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာများအရ သိရသည်။ (Xinhua)