Connect with us

Africa & Middle East

ဆော်ဒီတွင် ဇနီး၊ ခင်ပွန်း၏ ဖုန်းအား ထောက်လှမ်းခြင်းက ပြစ်မှုမြောက်

မိုဘိုင်းဖုန်း အသုံးပြုနေသော ဆော်ဒီနိုင်ငံရှိ အမျိုးသမီးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယတ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံတွင် ယခုအခါ မိမိ ကြင်ယာဖြစ်သူ၏ ဖုန်းအား ထောက်လှမ်းခြင်းသည် ပြစ်မှုမြောက်ကြောင်းနှင့် ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၃၃,၀၀၀ နှင့်အထက် ပေးဆောင်ရနိုင်ကြောင်း ဧပြီလ ၂ ရက်က အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဆိုက်ဘာပြစ်မှုဆန့်ကျင်ရေးဥပဒေ” အသစ်သည် ခွင့်ပြုချက်မရှိဘဲ ထောက်လှမ်းခြင်း သို့မဟုတ် ကွန်ပြူတာမှတစ်ဆင့် အချက်အလက် ကူးယူခြင်း၊ သို့မဟုတ် တစ်စုံတစ်ဦးအား ရည်ရွယ်ချက်ရှိရှိဖြင့် ကွန်ပြူတာအတွင်း ဝင်ရောက် ခြိမ်းခြောက်ခြင်း သို့မဟုတ် ငွေညှစ်ခြင်းများ စသဖြင့် လုပ်ဆောင်မှုများမှာ ပြစ်မှုမြောက်ကြောင်း သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

“လူမှုမီဒီယာတွေ တိုးတက်လာတာရဲ့ အကျိုးဆက်က အကောင့် ဟက် (Hack) တာမျိုးတင် မဟုတ်တော့ဘဲ ငွေညှစ်ခြင်း၊ အလွဲသုံးစားလုပ်ခြင်းနဲ့ အသရေဖျက်ခြင်းလိုမျိုး ဆိုက်ဘာပြစ်မှုတွေလည်း တိုးလာခဲ့တယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေသည် “လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားတွေ ကာကွယ်ဖို့နဲ့ လုံခြုံရေးကို ကာကွယ်ဖို့” ရည်ရွယ်ပြီး အမျိုးသားရော အမျိုးသမီးပါ သက်ဆိုင်ကြောင်း အစိုးရက ပြောသည်။

သို့သော် ထို ဥပဒေသည် နောက်ဆုံးတွင် အမျိုးသားများအတွက်သာ ပိုမို အကာအကွယ်ပေးနိုင်ကြောင်း၊ အမျိုးသမီးများအတွက် ၎င်းတို့၏ ခင်ပွန်းများက မတော်မတရားပြုကြောင်း စွပ်စွဲမှုများအတွက် သက်သေပြရန် ပိုမိုခက်ခဲနိုင်ကြောင်း ကန့်ကွက်ချက် အချို့က ဖော်ပြထားသည်။

ဆော်ဒီနိုင်ငံတွင် ဆိုရှယ်မီဒီယာ နည်းပညာမှာ တဖြည်းဖြည်း လူသိများလာခဲ့သည်။ ၂၀၁၇ ခုနှစ် တတိယ လေးလပတ်အတွင်း နိုင်ငံ၏ စုစုပေါင်း လူဦးရေ ၇၅ ရာခိုင်နှုန်းသည် ဆိုရှယ်မီဒီယာ အသုံးပြုသူများ ဖြစ်လာခဲ့သည်။

ယင်းနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်မှာ WhatsApp ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.