Africa & Middle East
ဆော်ဒီမြေပေါ်တွင် တူရကီ စစ်အခြေစိုက် စခန်းချခြင်းကို ခွင့်မပြုနိုင်ဟု ဆော်ဒီပြောကြား
ရီယိုက်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ဆောဒီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ၎င်းတို့၏ မြေပေါ်တွင် တူရကီ စစ် အခြေစိုက်စခန်း တည်ဆောက်ခြင်းကို ခွင့်မပြုနိုင်ကြောင်း ဇွန်လ ၁၇ ရက်က ပြောကြားလိုက်သည်။
ဆော်ဒီ အာရေဗျနိုင်ငံက ၎င်းတို့၏ ကိုယ်ပိုင်စစ်တပ်နှင့် စွမ်းဆောင်နိုင်ရည်က အကောင်းဆုံး တစ်ရပ်ဖြစ်ကြောင်း၊ ဆော်ဒီနိုင်ငံအနေဖြင့် ပြည်ပ အခြေစိုက်စခန်းများ မလိုအပ်ကြောင်း၊ ထို့ပြင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် ဒေသတွင်း လုံခြုံရေးကို ကာကွယ်ရန်အတွက် ပြည်ပ စစ်တပ် အကူအညီများစွာ၌ ဆော်ဒီက ပါဝင်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ သတင်းရင်းမြစ် တစ်ဦးက တွစ်တာပေါ်တွင် ရေးသားထားသည်။
ဆော်ဒီဘုရင် ဆဲလ်မန်ဘင် အဗ္ဗဒူလ်လာဇစ် အယ်လ်ဆော့ဒ် နှင့် တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu တို့သည် ဇွန်လ ၁၆ ရက် ဂျက်ဒါမြို့တွင် တွေ့ဆုံကာ ဒေသတွင်း ကိစ္စရပ်များ အထူးသဖြင့် ဆော်ဒီ ဦးဆောင်သော ပန်-အာရပ်ဝါဒီ နိုင်ငံများ၏ ကာတာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ခြင်းအပေါ် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆွေးနွေးပြီးနောက် ယခုလို ကြေညာချက် ထွက်လာခဲ့ခြင်း ဖြစ်သည်။ (Xinhua)