Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ ဂျေရုဆလင် မြို့ဟောင်း တွင် တိုက်ခိုက်မှု နှစ်ခုဖြစ်ပွား ခဲ့ပြီး ၄ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိ

အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဂျေရုဆလင် မြို့ဟောင်း တွင် ဇွန်လ ၁၆ ရက်နေ့ ညပိုင်း က တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွား ခဲ့ပြီး အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး နှင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်မှု ပြုလုပ်သူ ၃ ဦး ကို ရဲတပ်ဖွဲ့ မှ ပစ်သတ် နိုင်ခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ တိုက်ခိုက်မှု တစ်ခု မှာ ဓားကိုင်ဆောင်သူ တစ်ဦး နှင့် သေနတ် ကိုင်ဆောင်သူ တစ်ဦး တို့က ဒမာသက်မြို့ရှိ လမ်းပေါ်တွင် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကာ အသက် ၂၀ အရွယ်ရှိ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် မှာ ဒဏ်ရာပြင်းထန်မှုကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက်တွင် သေဆုံး ခဲ့ကြောင်း ၊ တိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦးလည်း ဒဏ်ရာရရှိစေခဲ့ပြီး တိုက်ခိုက်သူ ၂ ဦးကို အစ္စရေး ရဲတပ်ဖွဲ့ မှ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

နောက်တိုက်ခိုက်မှု တစ်ခု သည် ဂျေရုဆလင် မြို့ဟောင်း တွင် ဖြစ်ပွား ခဲ့ပြီး တိုက်ခိုက်သူ က အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး ကို ပစ်သတ် ခဲ့ပြီး တိုက်ခိုက်သူ ကို ရဲတပ်ဖွဲ့ မှ ပိတ်ဆို့ ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်း ဖော်ပြချက်များ အရ ယခု ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု နှစ်ခု တွင် တိုက်ခိုက်သူ ၃ ဦး မှာ ပါလက်စတိုင်း နိုင်ငံ သားများ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.