Africa & Middle East
ဆော်ဒီအာရေဗျ ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးနားတွင် အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း မီဒီယာများက ပြောကြား
ရီယာ့ဒ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး အနီး၌ ဇူလိုင်လ ၄ ရက် အစောပိုင်းက အသေခံ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။
ဗုံးခွဲ တိုက်ခိုက်သူသည် ကားဗုံး ပေါက်ကွဲမှု အတွင်း သေဆုံးခဲ့ပြီး လက်ရှိတွင် သေဆုံးသူ မရှိကြောင်း Okaz News အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။
Sabq အွန်လိုင်း သတင်းစာကလည်း အမေရိကန် လွတ်လပ်ရေးနေ့ ဖြစ်သည့် ဇူလိုင်လ ၄ ရက်တွင် အသေခံ ဗုံးခွဲမှု မအောင်မြင်ခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးသားခဲ့သည်။
ဗုံးခွဲ တိုက်ခိုက်မှု အပြီးတွင် ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်း အများစုအား နေရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
AP သတင်းဋ္ဌာန၏ ဖော်ပြချက်အရ အမေရိကန် တာဝန်ရှိသူများသည် ပေါက်ကွဲမှုနှင့် ပတ်သက်သည့် အစီရင်ခံစာများကို သတိထားနေပြီး သတင်း အချက်အလက်များ ပိုမိုရရှိရန် ဆော်ဒီအာရေဗျ အာဏာပိုင်များ နှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)