Connect with us

Africa & Middle East

တူရကီတွင် ကျောက်မီးသွေးသတ္တုတွင်း ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံး

တူရကီတွင် ယခင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည် ကျောက်မီးသွေးတွင်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ မြောက်ပိုင်း Zonguldak ပြည်နယ်ရှိ ကျောက်မီးသွေးတွင်း တစ်ခုသည် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် သတ္တုတွင်းလုပ်သား ၃ ဦးသည် အနက် မီတာ ၅၀ ရှိသော တွင်းထဲတွင် ပိတ်မိနေပြီး အသက်ရှုကြပ်သေဆုံးခြင်းဖြစ်ကြောင်း ၊ ဒဏ်ရာရသူများတွင် သတ္တုတွင်းလုပ်သား ၅ ဦး သည် ကယ်ဆယ်ရေးများလုပ်ဆောင်နေစဉ် အန္တရာယ်ဖြစ်စေသည့်ဓာတ်ငွေ့ရှုမိခြင်းဖြစ်ပြီး ကျန် ၂ ဦး မှာ ပေါက်ကွဲမှုဖြစ်ပွားစဉ် မီးလောင်ဒဏ်ရာ ဆိုးဆိုးဝါးဝါးရရှိခဲ့ကြောင်း ၊ လက်ရှိတွင် ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ကုသနေပြီဖြစ်ကြောင်း ဒေသခံမီဒီယာများ၏သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားသည့် ကျောက်မီးသွေးတွင်းသည် လိုင်စင်မဲ့ ဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း Anadolu သတင်း အေဂျင်စီက ဖော်ပြထားသည်။

တူရကီနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ်နည်းပါးရာ ကျောက်မီးသွေးမှာ ၎င်းနိုင်ငံ၏ အဓိက စွမ်းအင်အရင်းအမြစ် ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလတွင် တူရကီနိုင်ငံ အနောက်ပိုင်း Manisaပြည်နယ် Soma ဒေသတွင် ကျောက်မီးသွေးသတ္တုတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃၀၁ ဦး သေဆုံးပြီး လူ ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.