Africa & Middle East
ဒမတ်စကပ်စ်မြို့အနီးတွင် အစ္စရေးဒုံးကျည် ၂စင်းအား ဆီးရီးယားလေကြောင်းကာကွယ်ရေး စနစ်များက ပစ်ချ

ဒမတ်စကပ်စ်၊ မေ ၉ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ လေကြောင်း ကာကွယ်ရေးစနစ်များက မြို့တော် ဒမတ်စကပ်စ်မြို့ တောင်ဘက် Kisweh မြို့ တွင် မေ ၈ ရက် ညနေပိုင်းက အစ္စရေး၏ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်ခဲ့ပြီး ဒုံးကျည်၂စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံ၏ နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နိုင်ငံ နုတ်ထွက်လိုက်ပြီးနောက် အီရန် နှင့် အစ္စရေးအကြား တင်းမာမှုများ မြင့်တက်နေစဉ် ယင်းတိုက်ခိုက်မှုထွက်ပေါ်လာခြင်းကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
နိုင်ငံပိုင် ရုပ်သံလိုင်းက မေလ ၈ ရက် ညနေပိုင်းတွင် Kisweh မြို့မှ ပေါက်ကွဲသံများကို ကြားခဲ့ရပြီး ယင်းမှာ အစ္စရေးနိုင်ငံ မှ တိုက်ခိုက်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)