Africa & Middle East
နှစ်သစ်ကူး မီးရှုးမီးပန်းဖောက်ပွဲ အနီးရှိ ဒူဘိုင်းဟိုတယ် မီးလောင်မှုဖြစ်
ဒူဘိုင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)
ဒူဘိုင်းမြို့ နှစ်သစ်ကူး မီးရှုးမီးပန်းဖောက်ပွဲအား ကြည့်ရှုရန် လူအများ စုဝေးရောက်ရှိနေသည့် နေရာအနီးရှိ ဇိမ်ခံ ဟိုတယ် တစ်ခုတွင် ဒီဇင်ဘာ ၃၁ ရက်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရသည်။
အဆောက်အအုံ အတွင်းသို့ ဝင်ရောက် ကယ်တင်ခဲ့ရသူ ၁၄ ဦးမှာ အသေးစား ဒဏ်ရာရရှိခဲ့ကြောင်း ဒူဘိုင်းရဲ တပ်ဖွဲ့ ရဲချုပ် ကပြောကြားခဲ့ပြီး မီးလောင်ကျွမ်းမှုအား ကြီးမားမှုမရှိအောင် ထိန်းချုပ်နိုင်ခဲ့ပြီး နှစ်သစ်ကူးပွဲကို လည်း စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပနိုင်ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် ည ၉း၀၀ နာရီ၌ Burj Khalifa ပြယုဂ်လည်းဖြစ်၊ မီးရှုးမီးပန်း ဖောက်ပွဲ ပြုလုပ်မည့် နေရာလည်းဖြစ်သော ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦအနီးရှိ ဒူဘိုင်းမြို့လယ်ရှိ ဟိုတယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသခံ မီဒီယာများ၏ အဆိုအရ မီးလောင်ကျွမ်းမှုသည် ၆၃ ထပ်ရှိဟိုတယ်၏ အထပ် ၂၀ အပြင်ဘက်မှ စတင် ခဲ့ပြီး မီးလောင်ကျွမ်းမှု ထိန်းချုပ်ရေး စနစ်က အဆောက်အအုံ အတွင်းဘက်သို့ မကူးစက်နိုင်အောင် ကာကွယ် နိုင်ခဲ့သည်။အပျက်အစီးများမှာ အပြင်ဘက်သို့ ပြိုကျနေခြင်းကို တွေ့ရကြောင်း သတင်းများက ဖော်ပြထား သည်။
မီးသတ်အဖွဲ့ လေးဖွဲ့က မီးမကူးစက်စေရေးနှင့် အများပြည်သူ လုံခြုံမှုရှိစေရေး လုပ်ဆောင်ခဲ့ကြသည်။ (Xinhua)