Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံ သည် ရှီးယိုက် ဘာသာရေးခေါင်းဆောင် အပါအဝင် လူ ၄၇ဦးအား အကြမ်းဖက်မှု နှင့် ပတ်သက်သော စွဲချက်များ ဖြင့် ကွပ်မျက်

ရှီးယိုက် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် Nimr al-Nimrits ၏ ဓါတ်ပုံ ကိုင်ဆောင်ထားသူ တစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ရီရာ့ဒ်၊ ဇန်နဝါရီလ ၃ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန သည် လူသိများထင်ရှားသော ရှီးယိုက် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် Nimr al-Nimrits အပါအဝင် လူ၄၇ဦးအား အကြမ်းဖက်မှု နှင့် ပတ်သက်သော စွဲချက်များ ဖြင့် ကွပ်မျက်ခဲ့ကြောင်း ကို ဇန်နဝါရီလ ၂ရက်နေ့ကကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန မှ သတင်း ထုတ်ပြန် ခဲ့သည်။

ကွပ်မျက်ခြင်း ခံရသူ အများစုသည် ဆော်ဒီအာရေဗျနိုင်ငံသားများဖြစ်ပြီး ၂၀၀၃ မှ ၂၀၀၆ ခုနှစ်အတွင်း အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ မှ ပြုလုပ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ကြသူများ ဖြစ်ကြောင်း သိရသည်။

ဘာသာရေးခေါင်းဆောင် Nimr al-Nimrits သည် ၂၀၁၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲများ ၏ နောက်ကွယ်မှ တွန်းအားပေးလုပ်ဆောင်သူ ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဋ္ဌာန က နိုင်ငံ နှင့် ပြည်သူကိုထိခိုက်စေမည့် မည့်သည့် အကြမ်းဖက်ခြိမ်းခြောက်မှု ကို မဆို ပြန်လည် တုံပြန် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံ သည် အကြမ်းဖက်သမားများ နှင့် တိုက်ခိုက်မှု များ အား ပြင်းပြင်းထန်ထန် တုံပြန် လေ့ ရှိပြီး အထူးသဖြင့် IS စစ်သွေးကြွအဖွဲ့ နှင့် ပတ်သက်မှု ရှိသူများ အား ပိုမို ပြင်းထန်စွာ တုံ့ပြန် ဆောင်ရွက် လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.