Connect with us

Africa & Middle East

မဒါဂတ်စကာ နိုင်ငံ၌ လူအုပ်စုလိုက် အလန့်တကြား ထွက်ပြေးကြမှုကြောင့် ၁၅ ဦး သေဆုံး ၊ ၇၅ ဦး ဒဏ်ရာ ရရှိ

မဒါဂတ်စကာ နိုင်ငံရှိ မတ်ဟမတ်စီနာ(Mahamasina) အားကစားကွင်းအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

အန်တာနာနာရီဗို ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

မဒါဂတ်စကာ နိုင်ငံ၌ ဇွန် ၂၆ ရက်တွင် ကျင်းပခဲ့သော လွတ်လပ်ရေးနေ့တရားဝင် အခမ်းအနား တစ်ခု အတွင်း လူ အုပ်စုလိုက် အလန့်တကြား ထွက်ပြေးခဲ့ကြမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး အခြား ၇၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မဒါဂတ်စကာ နိုင်ငံခြားရေး ဝန်ကြီး Richard Ravalomanana က အတည်ပြု ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် မတ်ဟမတ်စီနာ(Mahamasina) အားကစားကွင်း၌ မဒါဂတ်စကာ နိုင်ငံ၏ ၅၉ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဆင်နွှဲရန် လှုပ်ရှားမှုများ ပြုလုပ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မဒါဂတ်စကာ နိုင်ငံ သမ္မတ Andry Rajoelina နှင့် အလည်အပတ် ရောက်ရှိနေသော ရဝမ်ဒါ နိုင်ငံ သမ္မတ Paul Kagame တို့က ဖြစ်ပွားခဲ့သည့်နေ့နောက်ပိုင်းတွင် မဒါဂတ်စကာ နိုင်ငံ၏ သမ္မတ အိမ်တော်၌ ကျင်းပ ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဖြစ်ရပ် အတွင်း သေဆုံးခဲ့ရသော ဓာစားခံ မိသားစုများအတွက် ဝမ်းနည်းစာနာမိကြောင်း ပြောကြား ခဲ့ကြ ပြီး တစ်ချိန်တည်းမှာပင် မဒါဂတ်စကာ နိုင်ငံ သမ္မတက ဒဏ်ရာ ရရှိသူများ အတွက် ဆေးရုံ ကုန်ကျ စရိတ် များကို နိုင်ငံတော်မှ ပေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သော လအနည်းငယ်က မတ်ဟမတ်စီနာ အားကစားကွင်း၌ လူသေဆုံးခဲ့သော အုပ်စုလိုက် အလန့်တကြား ပြေးထွက်မှု တစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ ၉ ရက်တွင် မဒါဂတ်စကာ နှင့် ဆီနီဂေါလ် နိုင်ငံတို့၏ ဘောလုံး ပွဲစဉ် အတွင်း အားကစားကွင်း ဝင်ပေါက်တွင် လူအုပ်စုလိုက် အလန့်တကြား ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၄၇ ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.