Connect with us

Africa & Middle East

မန်ဆာ သေဆုံးကြောင်းနှင့် ခေါင်းဆောင်သစ် တင်မြှောက်ကြောင်း အာဖဂန် တာလီဘန် အတည်ပြု

တာလီဘန်ခေါင်းဆောင် မန်ဆာ သေဆုံးကြောင်း ဖော်ပြထားသည့် သတင်းစာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကဘူးလ်၊ မေ ၂၅ ရက် (ဆင်ဟွာ)

အာဖဂန် တာလီဘန်များက ၎င်းတို့၏ ခေါင်းဆောင် မာလာ မိုဟာမတ် အက်ခ်တာ မန်ဆာသည် လေကြောင်း တိုက်ခိုက်မှု၌ သေဆုံးခဲ့ကြောင်း အွန်လိုင်း ကြေညာချက်တစ်ခုတွင် မေလ ၂၅ ရက်က အတည်ပြု ပြောကြား လိုက်သည်။

ထို့ပြင် မူလာဗီ ဟိုက်ဘတ်တူလ်လာ အက်ခွန်ဇာဒါ (Moulavi Haibatullah Akhunzada) အား မွန်ဆာ၏ နေရာ၌ အစားထိုးကာ ခေါင်းဆောင်သစ် ခန့်အပ်လိုက်ကြောင်း ယင်း စစ်သွေးကြွအဖွဲ့က ကြေညာချက်၌ ပြောကြားထားသည်။
အက်ခ်ဟွန်ဇာဒါသည် တာလီဘန် ဒုတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တာလီဘန် ခေါင်း ဆောင်မှု ကောင်စီ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။
ထို့ပြင် မူလာ ဆာရာဂျူဒင် ဟစ်ကန်နီ ( Mullah Sarrajuddin Haqqani) နှင့် တာလီဘန် ခေါင်းဆောင် ဟောင်း မူလာ မိုဟာမတ် အိုမာ၏ သားဖြစ်သူ မူလာ မိုဟာမတ် ရာကွတ် (Mullah Mohammad Yaqoob) တို့အား အက်ခွန်ဇာဒါ၏ ပထမနှင့် ဒုတိယ လက်ထောက်များအဖြစ် အသီးသီး ခန့်အပ်လိုက်ကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.