Connect with us

Africa & Middle East

ယီမင် ငြိမ်းချမ်းရေး အတွက် တရုတ် နှင့် ယီမင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒိုဟာ၊ မေ ၁၂ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံ၌ မေလ ၁၂ ရက်တွင် ကျင်းပမည့် (၇) ကြိမ်မြောက် တရုတ် – အာရပ် ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ဖွင့်ပွဲ မတိုင်မီ တစ်ရက်အလို မေလ ၁၁ ရက်က ဒိုဟာမြို့၌ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ( Wang Yi) နှင့် ယီမင် နိုင်ငံနိုင်ငံခြားရေး ဝန်ကြီး al-Mekhlafi တို့သည် ယီမင် ငြိမ်းချမ်းရေး ကိစ္စရပ်များ အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယီမင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အသစ်တစ်ဖန် ပြုလုပ်နေသည့် ကာလအတွင်း ဒိုဟာ ဆွေးနွေးပွဲကို တက်ရောက် ပေးသည့်အတွက် ယီမင်နိုင်ငံခြားရေး ဝန်ကြီးအား ကျေးဇူးတင်ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။ ထိုသို့ ဒိုဟာ ဆွေးနွေးပွဲကို ယီမင်အစိုးရက တက်ရောက်ပေးခြင်းဖြင့် တရုတ် နှင့် အာရပ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်ရေးသည် အလွန် အရေးပါကြောင်းကို ဖော်ညွှန်းရာေ ရာက်ကြောင်း ဝမ်ရိက မှတ်ချက်ပြုခဲ့သည်။
ယီမင် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးသည် ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်လာကြရန် နှင့် နိုင်ငံ တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဝိုင်းဝန်း လုပ်ဆောင်ကြရန် ဝမ်ရိ က တိုက်တွန်း ပြောကြားခဲ့သည်။ ယီမင် နိုင်ငံခြားရေး ဝန်ကြီး Mekhlafi က ယီမင်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် တရုတ်နိုင်ငံ၏ ပါဝင်ကူညီမှုများကို ကျေးဇူးတင်ကြောင်းနှင့် တရုတ်နိုင်ငံ၏ ထောက်ပံ့ရေး အစီအစဉ်များကို ဆက်လက် လုပ်ဆောင်နေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ယီမင်နိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်တွင် တရုတ်နိုင်ငံက ဆက်လက် အားပေး ထောက်ခံသွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း Mekhlafi က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.