Connect with us

Africa & Middle East

ယီမင်တွင် လူပေါင်း ၇.၆ သန်းကျော် အစားအစာ မလုံလောက်မှု ပြဿနာ ကြုံတွေ့နေ

ယီမင်ပြည်တွင်းစစ် အတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မိသားစုဝင် အချို့အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံတွင် လူပေါင်း ၇.၆ သန်းကျော် အစားအစာ မလုံလောက်မှု ပြဿနာနှင့် ကြုံတွေ့နေရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ အဖွဲ့က မေလ ၁၇ ရက်တွင် ပြောကြားသည်။

ယခုနှစ်အတွင်း ယီမင်နိုင်ငံ၌ အစားအစာ မလုံမှု ကြုံတွေ့ရနိုင်သူ ၁၃ သန်းကို ထောက်ပံ့ ပေးနိုင်ရန် ကုလသမဂ္ဂ အဖွဲ့ကြီးသည် အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံ အကူအညီ တောင်းခံထားသော်လည်း ယခုအချိန်ထိ ၁၆ ရာခိုင်နှုန်းခန့်သာ ထောက်ပံ့ငွေများ လက်ခံ ရရှိထားကြောင်း ယီမင်နိုင်ငံမှ မကြာခင်က ပြန်လာသူ ကုလသမဂ္ဂ ၊ လူသားချင်း စာနာမှု အဖွဲ့ ညွှန်ကြားရေးမှူးJohn Ging က ပြောသည်။
ယီမင်နိုင်ငံတွင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် လူပေါင်း ၂.၅ သန်း နေရပ်စွန့်ခွာခဲ့ရပြီး ပဋိပက္ခများမှာ ဆက်လက် ဖြစ်ပွားနေသဖြင့် နိုင်ငံတကာ ထောက်ပံ့မှုနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“ယီမင်နိုင်ငံကို အကူအညီပေးမယ့် အလှူရှင်တွေ သိပ်ကို နည်းပါးနေတယ် ။ ဒီလောက်ကြီးမားတဲ့ အကျပ်အတည်း အတွက် နိုင်ငံများစွာဆီက ငွေကြေး ထောက်ပံ့မှုတွေ လိုပါတယ် ” ဟု ဂျွန်က ဆက်ပြောသည်။
ယီမင်နိုင်ငံသည် ယခင်သမ္မတဟောင်း Ali Abdullash Saleh ကို ထောက်ခံသည့် ဟွန်တီ အုပ်စုနှင့် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့က ထောက်ခံအားပေးသည့် အစိုးရအဖွဲ့တို့အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည့် ၂ဝ၁၅ ခုနှစ် မတ်လကတည်းက နိုင်ငံအတွင်း ဖရိုဖရဲ ဖြစ်မှု အခြေအနေမျိုးဖြစ် ကြုံတွေ့ နေရသည်။
လေကြောင်း တိုက်ခိုက်မှုနှင့် မြေမြင် တိုက်ခိုက်မှုများ အတွင်း လူပေါင်း ၆,ဝဝဝ ကျော် သေဆုံးပြီး အများစုမှာ အရပ်သားများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.