Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ၌ တာဝန်ထမ်းဆောင်နေသော တရုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များအား ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်

လက်ဘနွန်နိုင်ငံ၌ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်များအဖြစ် သွားရောက်တာဝန်ထမ်းဆောင်နေသော တရုတ်တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ၌ သွားရောက်တာဝန်ထမ်းဆောင်နေသော အထူးတပ်ဖွဲ့အမှတ် ၁၆ မှ တရုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၄၁ဝ ဦးသည် အထူးတပ်ဖွဲ့အမှတ် ၁၇ သို့တာဝန်လွှဲပြောင်းထမ်းဆောင်ခြင်း မပြုမီ ဧပြီလ ၆ ရက်က ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခံရကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားကို လက်ဘနွန်နိုင်ငံ တောင်ပိုင်း Hanniyah ရွာရှိဘက်စုံစစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအဖြစ် သွားရောက်တာဝန်ထမ်းဆောင်နေသည့် တရုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ၏ အခြေစိုက်စခန်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်မှူး နှင့် မစ်ရှင်အကြီးအကဲ ဗိုလ်ချုပ် Michael Beary နှင့် လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wang Kejian တို့က အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ ပရော်ဖက်ရှင်နယ်စစ်တပ်စွမ်းဆောင်ရည် ၊ UNIFIL အတွက် အပေါင်းလက္ခဏာဆောင်ပြီး ပေါင်းစပ်ညှိနှိုင်းမှုစွမ်းရည် အပါအဝင် တရုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေဟာ စည်းလုံညီညွတ်မှုရှိရှိဖြစ် တစ်ကမ္ဘာလုံး၏ အသိအမှတ်ပြုခြင်းခံရပါတယ် ” ဟု အခမ်းအနားတွင် Beary က ပြောကြားခဲ့သည်။

“ သင်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှု ၊ စွမ်းစွမ်းတမံကြိုးပမ်းမှုတွေက တရုတ်နိုင်ငံ နဲ့အားလုံးသော တရုတ်တပ်ဖွဲ့ဝင်တွေအတွက် ဂုဏ်ဆောင်မှုတစ်ခုပါပဲ ” ဟု Beary ကဆိုသည်။

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးဂုဏ်ပြုဆုတံဆိပ်သည် လူသားများငြိမ်းချမ်းစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကူညီခဲ့သည်များအတွက် ရည်ရွယ်ပေးအပ်သော ဆုတံဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.