Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံက ဖမ်းဆီးရမိသော လက်နက်များ သယ်ဆောင်လာသော သဘောၤများ ကိစ္စအား စုံစမ်း စစ်ဆေးမည်

လစ်ဗျား ၀န်ကြီးချုပ် ဖာရက်ဇ် ဆာရတ်ဂ်ျ အား တွေ့ ရစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တူရကီ နိုင်ငံမှ လက်နက် ခဲယမ်း မီးကျောက်များ သယ်ဆောင်လာသော သဘောၤ နှစ်စင်း ဖမ်းဆီး ရမိမှုအား စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပြုထားသော လစ်ဗျားနိုင်ငံ အစိုးရက ဒီဇင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။

လစ်ဗျားဝန်ကြီးချုပ် ဖာရက်ဇ် ဆာရတ်ဂျ်(Fayez Serraj)က Khoms ဆိပ်ကမ်း၌ ဖမ်းဆီး ရမိခဲ့သည့် လက်နက်ခဲယမ်းများ သယ်ဆောင်လာသော သဘောၤ နှစ်စင်း ကိစ္စအား သက်ဆိုင်ရာ လုံခြုံရေး အေဂျင်စီများမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် သွားရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံခြားရေး ဝန်ကြီးဌာနက တူရကီ တာဝန်ရှိသူများထံ ဆက်သွယ်၍ အဆိုပါ ဖြစ်စဉ် နှင့် အခြေအနေများအား ရှင်းလင်းရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း အခြေစိုက် စစ်တပ်ကလည်း Khoms ဆိပ်ကမ်း၌ ဖမ်းဆီး ရမိခဲ့သည့် တူရကီ နိုင်ငံမှ သယ်ဆောင် လာသည့် လက်နက် သဘောၤများကိစ္စအား ချက်ချင်း စုံစမ်း စစ်ဆေးပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံသို့ဒီဇင်ဘာ ၁၉ ရက်တွင် တောင်းဆိုခဲ့သည်။

သဘောၤပေါ်တွင် လစ်ဗျား ပြည်သူ ၈၀ ရာခိုင်နှုန်းအား သေစေနိုင်ရန် လုံလောက်သည့် ၄.၂ သန်းကျော်သော ကျည်ဆံ များ ၊ ပစ္စတို ၊ ရိုင်ဖယ် များနှင့် အတူ ဆက်စပ် ပစ္စည်းများ ၊ လုပ်ကြံ သတ်ဖြတ်ရာတွင် အသုံးပြုသော အသံတိတ် ကိရိယာများ ပါဝင်ကြောင်း စစ်တပ်က ပြောကြားခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထိုလက်နက်ခဲယမ်းများသည် လစ်ဗျား ပိုင်နက် နယ်မြေ အတွင်း အကြမ်းဖက် စစ်ဆင်ရေးများတွင် အသုံးပြုရန် ရည်ရွယ်သည့် အထောက်အထားများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.