Africa & Middle East
အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ တန်ဖိုးရှိ စစ်ရေး ကူညီမှု အမေရိကန်နှင့် အစ္စရေး သဘောတူ
ဝါရှင်တန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အစ္စရေးတို့သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၃၈ ဘီလီယံအား အစ္စရေး စစ်တပ်သို့ စစ်ရေးဆိုင်ရာ အကူအညီ ပေးအပ်မည့် သဘောတူညီချက် တစ်ရပ်အား စက်တင်ဘာလ ၁၄ ရက်က လက်မှတ်ရေးထိုး ခဲ့သည်။
ယခုလို ၁၀ နှစ်တာ သဘောတူညီချက် အသစ်သည် အမေရိကန် သမိုင်းကြောင်း၌ တစ်ခုတည်းသော အကြီးဆုံး စစ်ရေး ထောက်ပံ့မှုလည်း ဖြစ်သည်။
ယခုလို သဘောတူညီချက်သစ်သည် အစ္စရေးနိုင်ငံ လုံခြုံရေးအပေါ် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ ခိုင်မာသော ကတိပြုမှုအား ရောင်ပြန်ဟပ်လိုက်ခြင်း ဖြစ်ကြောင်း သမ္မတက စက်တင်ဘာလ ၁၄ ရက်က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါ သမိုင်းဝင် သဘောတူညီချက်အား အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နတ်တန်ယာဟုက ဂုဏ်ပြု ပြောကြားလိုက်ပြီး ယခုလို ထောက်ပံ့မှုသည် ဆယ်ခုနှစ်ကျော်အထိ အစ္စရေး နိုင်ငံ လုံခြုံရေးအတွက် ထောက်ပံ့မှု ဖြစ်ကြောင်း လက်မှတ်ရေးထိုးအပြီး တစ်နာရီခန့်ကြာပြီးနောက် ဟေဗြဲဘာသာစကားဖြင့် ပြုလုပ်ခဲ့သည့် ဗီဒီယို မိန့်ခွန်း၌ ဘင်ဂျမင်က ပြောကြားခဲ့သည်။
ယခုလို သဘောတူညီချက်သစ်သည် အီရန်နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတို့၏ လပေါင်းများစွာအကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ (Xinhua)