Africa & Middle East
အီဂျစ်သမ္မတရွေးကောက်ပွဲ တရားဝင် စတင်
ကိုင်ရို ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ)
အီဂျစ်သမ္မတရွေးကောက်ပွဲ၏ ပြည်တွင်းမဲပေးပွဲကို မတ်လ ၂၆ ရက်နေ့တွင် တရားဝင် စတင်လိုက်ပြီဖြစ် ကြောင်း သိရှိရသည်။ ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် သမ္မတလောင်း ၂ ဦး မှာ လက်ရှိ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီ (Abdel-Farrah al-Sisi)နှင့် El-Ghad ပါတီခေါင်းဆောင် မူဆာမွတ် စတာဖာ မူဆာ(Mustafa Moussa)တို့ဖြစ်ကြသည်။
ဤတစ်ကြိမ်ရွေးကောက်ပွဲကို ပြည်တွင်းမဲပေးပွဲနှင့် ပြည်ပမဲပေးပွဲ ဟူ၍ အပိုင်းနှစ်ပိုင်းခွဲ ကျင်းပခြင်းဖြစ်သည်။ ပြည်ပမဲပေးပွဲမှာ မတ်လ ၁၉ ရက်တွင် ကျင်းပပြီးစီးပြီဖြစ်၍ ပြည်တွင်းမဲပေးပွဲကို မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ရာ မဲရလဒ်များကို ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲတွင် သမ္မတလောင်းက ဆန္ဒမဲတစ်ဝက်ကျော်မရရှိလျှင် သမ္မတရွေးကောက်ပွဲကို ဒုတိယအကြိမ် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးမဲရလဒ်ကို မေလ ၁ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ (Xinhua)