Africa & Middle East
အီရတ်တွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၇ ဦးသေဆုံး
ဘဂ္ဂဒက် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)
အီရတ်နိုင်ငံ Salahudinပြည်နယ် Tikrit မြို့တွင် စက်တင်ဘာ ၁၂ ရက်က ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Tikrit မြို့အဓိကလမ်းမကြီးတစ်ခုရှိ စားသောက်ဆိုင်တစ်ဆိုင်အရှေ့တွင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား ခဲ့ကြောင်း၊ စားသောက်ဆိုင်နှင့် အနီးအနားတဝိုက်ရှိ မော်တော်ယာဉ် ၇ စီး ပျက်စီးခဲ့ပြီး စားသောက် ဆိုင် အတွင်းရှိ လူများနှင့်လမ်းသွားလမ်းလာများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း Salahudin ပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လက်ရှိတွင် မည်သည့်အဖွဲ့အစည်းကမျှ ကြေညာထုတ်ပြန်ခြင်း မရှိ သေးကြောင်း သိရသည်။
IS အစွန်းရောက်အဖွဲ့အစည်းက အီရတ်နိုင်ငံအတွင်းရှိ ဈေး၊ဗလီ၊ကော်ဖီဆိုင် အစရှိသည့် လူသူစုဝေး ရာနေရာများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း သိရသည်။ (Xinhua)