Africa & Middle East
အီရန်နိုင်ငံသမ္မတက တောင်ဆိုချက်များဖြင့် အီရန်နျူကလီးယားသဘောတူညီချက်အား ပြန်လည် လိုက်နာသွားရန် ဆန္ဒရှိကြောင်း ပြောကြား
တီဟီရန် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး
အီရန်နိုင်ငံသမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) က အီရန်နျူကလီးယားဆိုင်ရာ ဘက်စုံသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော နိုင်ငံများ အနေဖြင့် သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ပါက အီရန်နိုင်ငံအနေဖြင့် ယင်းသဘောတူညီချက်တွင် ပါဝင်သော လိုက်နာဆောင်ရွက်ရမည့် ကတိပြုချက်များကို ပြန်လည်လိုက်နာသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံဌာနမှတစ်ဆင့် ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရိုဟာနီ က ဒီဇင်ဘာ ၁၄ ရက်၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဂျိုးဘိုင်ဒန် ဦးဆောင်သည့် အစိုးရ အဖွဲ့အနေဖြင့် လာမည့် အစိုးရ သက်တမ်းတွင် အီရန် နျူကလီးယားသဘောတူညီချက် သို့ ပြန်လည်ပါဝင်လာပြီး သက်ဆိုင်ရာ ကတိပြုချက်များကို လိုက်နာသွားရန် အီရန်ဘက်က တိုက်တွန်းလိုကြောင်းထည့်သွင်း ပြောကြား ခဲ့သည်။
ထို့ပြင် ၎င်းက အမေရိကန် နိုင်ငံ က အီရန် နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရှေ့ဆက်ဆောင်ရွက်ခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ၊ အီရန်အစိုးရ နှင့်ပြည်သူများသည် အမေရိကန်နိုင်ငံ ၏ ဖိအားပေးမှု နှင့် မှားယွင်းစွာ ပိတ်ဆို့အရေးယူမှုများကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန် နိုင်ငံ သည် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမဏီ နိုင်ငံ တို့ပါဝင်သော အီရန် နျူကလီးယားအရေးဘက်စုံသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယင်း သဘောတူစာချုပ်အရ အီရန်နိုင်ငံအနေဖြင့် ၎င်း၏သက်ဆိုင်ရာ နျူကလီးယား အစီအစဉ် များကို ကန့်သတ်သွားရမည်ဖြစ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အီရန် နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများအား ဖယ်ရှားပေးရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် အမေရိကန်နိုင်ငံအစိုးရ သည် ၂၀၁၈ ခုနှစ် မေလ တွင် အီရန်နျူကလီးယားဆိုင်ရာ ဘက်စုံသဘောတူညီချက် မှ တစ်ဖက်သတ် နုတ်ထွက်သွားခဲ့ပြီး အီရန်နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုအမျိုးမျိုးကို ဆက်တိုက်ဆိုသလို ဆောင်ရွက်ခဲ့ကြောင်း ၊ အီရန်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် မေလတွင် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက် ၌ ပါဝင်သော အချို့အချက်များကို လိုက်နာဆောင်ရွက်တော့မည်မဟုတ်ကြောင်းကြေညာခဲ့ပြီး အကယ်၍ အမေရိကန်နိုင်ငံက သဘောတူညီချက်ထဲပြန်ပါလာမည်ဆိုပါက ထိုသို့လုပ်ဆောင်မှုများကို ပြန်လည်ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း အီရန်ဘက်က ကတိပြုပြောကြားထားသည်။ (Xinhua)
…………………………………………
(Chinese Version)
(国际)伊朗总统称愿意有条件恢复履行伊核协议承诺
新华社德黑兰12月14日电(记者夏晨)据伊朗国家电视台14日报道,伊朗总统鲁哈尼当天表示,如果伊核问题全面协议其他签字方履行承诺,伊方也愿意恢复履行其在协议中作出的承诺。
鲁哈尼在当天举行的记者会上说,伊朗敦促美国当选总统拜登领导的下届政府重返伊核协议并履行相关承诺。
鲁哈尼表示,伊朗不会允许美国推迟结束对伊朗的制裁。伊政府将竭尽全力使伊朗人民摆脱来自美方的“压迫性负担和错误制裁”。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。美国政府2018年5月单方面退出伊核协议,随后重启并新增一系列对伊制裁措施。伊朗去年5月以来逐步中止履行协议部分条款,但承诺所采取措施“可逆”。(完)
Photo
伊朗内政部官员5月20日宣布,鲁哈尼在伊朗总统选举中获胜。图为5月9日,鲁哈尼在德黑兰参加竞选集会。新华社发(艾哈迈德•哈拉比萨斯摄)