Connect with us

Africa & Middle East

သမ္မတရှီက ဆိုမာလီယာနိုင်ငံနှင့် BRI ပူးပေါင်းဆောင်ရွက်မှု နီးကပ်စွာဆောင်ရွက်ရန် တိုက်တွန်း

သမ္မတရှီက ဆိုမာလီယာနိုင်ငံနှင့် BRI ပူးပေါင်းဆောင်ရွက်မှု နီးကပ်စွာဆောင်ရွက်ရန် တိုက်တွန်း

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆိုမာလီယာနိုင်ငံ သမ္မတ မိုဟာမက် အဗ္ဗဒူလာဟီ မိုဟာမက် Mohamed Abdullahi Mohamed) နှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကျေးဇူးအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) မူဘောင်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၁၄ ရက်က ပြောကြားခဲ့သည်။

ရှီက နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၆၀ ပြည့်မြောက် ခဲ့ခြင်းအပေါ် ဆိုမာလီယာနိုင်ငံ သမ္မတနှင့် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ဖလှယ်ရာတွင် ထည့်သွင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကျော်အတွင်း တရုတ်နိုင်ငံနှင့် ဆိုမာလီယာနိုင်ငံတို့သည် မည်သည့် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများတွင်မဆို တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမြဲတစေ နားလည်မှု၊ ကူညီပံ့ပိုးမှုနှင့် ထောက်ခံအားပေးမှုများ ရှိခဲ့သည်။

သမ္မတ ရှီက ၂၀၁၈ ခုနှစ် စက်တင်ဘာက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု (FOCAC) ပေကျင်းထိပ်သီးအစည်းအဝေး ဖိုရမ်အတွင်း ၎င်းနှင့် သမ္မတ မိုဟာမက်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုဆိုင်ရာ အရေးပါသော သဘောတူညီချက်များ ရရှိခဲ့ပြီး COVID-19 ဖြစ်ပွားစဉ်ကတည်းက နှစ်နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တွဲလက်များချိတ်ဆက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဆိုမာလီယာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှု၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး နှစ် ၆၀ ပြည့် နှစ်ပတ်လည်အခါသမယအား FOCAC ပေကျင်းထိပ်သီးအစည်းအဝေးနှင့် COVID-19 တိုက်ဖျက်ရေး စည်းလုံးညီညွတ်မှုဆိုင်ရာ တရုတ်-အာဖရိက အထူးထိပ်သီးအစည်းအဝေး၏ ရလဒ်များကို အကောင်အထည်ဖော်ရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ BRI ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အခွင့်အလမ်းများအဖြစ် ပူးပေါင်းအားထုတ်ကြိုးပမ်းကာ နှစ်နိုင်ငံပြည်သူများထံ အကျိုးကျေးဇူးများ ဆောင်ကြဉ်းနိုင်မည်ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။

ဆိုမာလီယာနိုင်ငံ သမ္မတ မိုဟာမက်ကလည်း လွန်ခဲ့သော နှစ် ၆၀ အတွင်း ဆိုမာလီယာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကာလရှည်ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်လျက်ရှိသလို နယ်ပယ်များစွာ၌ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု၏ သက်သေအဖြစ် တည်ရှိလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဆိုမာလီယာအစိုးရနှင့် ပြည်သူများအနေဖြင့် နှစ်နိုင်ငံအကြား နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအပေါ် လေးလေးစားစား ယုံကြည်ကြောင်းနှင့် ဆိုမာလီယာနိုင်ငံသည် တရုတ်နိုင်ငံ၏ မိတ်ဆွေအဖြစ် ထာဝရတည်ရှိနေမည်ဖြစ်ကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။

၎င်းအနေဖြင့် သမ္မတ ရှီနှင့်အတူ နက်ရှိုင်း၍ ကျယ်ပြန့်သော နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနှင့် ပြည်သူနှစ်ရပ်လုံးအတွက် အကျိုးကျေးဇူးများ ပိုမိုဖန်တီးပေးရေးအတွက် နီးကပ်စွာ ဆောင်ရွက်သွားကြရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Xi calls for closer BRI cooperation with Somalia
BEIJING, Dec. 14 (Xinhua) — Chinese President Xi Jinping said Monday that he is ready to work with Somali President Mohamed Abdullahi Mohamed to enhance bilateral cooperation within the framework of the Belt and Road Initiative (BRI) for the benefit of the people of both countries.

Xi made the remarks in an exchange of congratulatory messages with his Somali counterpart celebrating the 60th anniversary of the diplomatic relationship between the two countries.

Over the past 60 years, Xi noted, China and Somalia have always understood, helped and supported each other no matter how the international situation changes.
He recalled that during the Forum on China-Africa Cooperation (FOCAC) Beijing Summit in September 2018, he and President Mohamed reached important consensuses on developing bilateral relations, and that since the onset of COVID-19, the two sides have joined hands to fight the pandemic.

Stressing that he attaches great importance to the development of China-Somalia relations, Xi called for concerted efforts to take the 60th anniversary as an opportunity to promote the implementation of the outcomes of the FOCAC Beijing Summit and the Extraordinary China-Africa Summit on Solidarity against COVID-19, and boost bilateral BRI cooperation, so as to bring benefits to the people of both countries.

In his message, President Mohamed said that in the past 60 years, Somalia and China have witnessed steady development of their long-term friendly relations and sound cooperation in many fields.

The Somali government and its people think highly of the close cooperation and friendship between the two countries, he said, adding that Somalia will forever be China’s friend.

He said he looks forward to working closely with Xi to further deepen and broaden bilateral friendly cooperation and create more benefits for both countries and their people. Enditem
Chinese President Xi Jinping (right) meets with Somali President Mohamed Abdullahi Mohamed at the Great Hall of the People in Beijing, capital of China, Aug 31, 2018. (DING LIN / XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.