Connect with us

Asia

ဂျပန်နိုင်ငံ၌ ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူ ၆ ဦးဒဏ်ရာရ

ဂျပန်နိုင်ငံ၌ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်က ဖြစ်ပွားခဲ့သော လူပေါင်း ၁၉ ဦးသေဆုံးခဲ့ရသည့် ဓားကိုင်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့ပိုင်း Chiba စီရင်စုရှိ ပန်းခြံတစ်ခုထဲတွင် ယနေ့( မေလ ၂၁ ရက် ) နံနက်ပိုင်းက ဓားကိုင်ဆောင်ထားသော လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က ပြောကြားရာတွင် Matsudo မြို့ရှိ ပန်းခြံတစ်ခု၌ ဘက်ရိုက်တံ နှင့် ဓားကို အသုံးပြု၍ လူတစ်ယောက်က တိုက်ခိုက်မှုကို ကျူးလွန်နေသည် ဆိုသည့် ဖုန်းခေါ်ဆိုမှုကို နံနက် ၁၁ နာရီ ၂ဝ မိနစ်ခန့်တွင် လက်ခံရရှိခဲ့ကြောင်း ဆိုသည်။

ဓားကိုင်တိုက်ခိုက်သူအပါအဝင် ဒဏ်ရာရသူ ၆ ဦး ရှိပြီး ၎င်းတို့အား နီးစပ်ရာဆေးရုံသို့ပို့ဆောင်ထားကြောင်း နှင့် ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ဓားကိုင်တိုက်ခိုက်သူ နှင့် တိုက်ခိုက်ရသည့် အကြောင်းကို သိရှိရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။(Xinhua)