Connect with us

Asia

ဂျပန်နိုင်ငံ အနောက်တောင်ဘက်ရှိ အာဆိုမီးတောင် ထပ်မံပေါက်ကွဲ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုရှိ အာဆိုမီးတောင်၏ မီးတောင်ဝတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုရှိ အာဆိုမီးတောင် (Mt. Aso) မှာ ဧပြီလ ၁၉ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသဌာန (JMA) က ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်ပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် နံနက် ၈း၂၄ နာရီက ယင်းမီးတောင်၏ နံပါတ်တစ် နာကာဒါခဲမီးတောင်ဝ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတိပေးအဆင့် ၂ အဖြစ် သတ်မှတ်ထားကာ မီးတောင်ဝသို့ ပြည်သူများ မချဉ်းကပ်ကြရန် သတိပေးထားကြောင်း JMA က ဆိုသည်။

ယခုသီတင်းပတ် အစောပိုင်းတွင်လည်း ထိုမီးတောင်မှ အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးကြောင်း၊ ဧပြီလ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သည့် မီးတောင်ပေါက်ကွဲမှုမှ မီးခိုးများနှင့် ချော်ပြာများမှာ လေထုအတွင်း မီတာ ၄၀၀ အမြင့်ထိ မှုတ်ထုတ်ခဲ့ကြောင်း JMA ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.