Connect with us

Asia

စင်ကာပူ နိုင်ငံ သမ္မတ ဂျာမနီနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ် သွားရောက်

စင်ကာပူနိုင်ငံ သမ္မတ တိုနီ တန်ကန်ယမ် အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ သမ္မတ တိုနီ တန်ကန်ယမ်သည် ဂျာမနီနိုင်ငံသို့ ဇွန်လ ၂၃ ရက် မှ ၂၈ ရက် အထိ အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း သမ္မတရုံး မှ ဇွန်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတတန်သည် ၆၆ ကြိမ်မြောက် Lindau အစည်းအဝေးပွဲသို့ Lindau နိုဘယ်လ်ဆုရှင်များ အစည်းအဝေး တည်ထောင်သည့် ဂုဏ်ထူးဆောင် အဖွဲ့၏ အဖွဲ့ဝင် အဖြစ် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ Lindau နိုဘယ်လ်ဆုရှင်များ အစည်းအဝေး သည် နိုဘယ်လ်ဆုရှင်များ နှင့် လူငယ်သိပ္ပံပညာများ အမြင်ချင်း ဖလှယ်ရန် နှစ်စဉ်ကျင်းပသော အစည်းအဝေးပွဲတစ်ခု ဖြစ်ပြီး တန်သည် အဆိုပါ အဖွဲ့အစည်းသို့ ဇူလိုင်လ ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်လာခြင်း ဖြစ်သည်။
ယခုနှစ် အစည်းအဝေးပွဲသည် ရူပဗေဒဆိုင်ရာ ပညာရပ်နယ်ပယ် အား ဦးတည် ဆွေးနွေးသွားမည် ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် နိုဘယ်လ်ဆုရှင် ၃၀ မှ ၄၀ ဦးတို့သည် ကမ္ဘာအရပ်ရပ်မှ ဘွဲ့ကြို ကျောင်းသားများ၊ Ph.D ကျောင်းသားများ၊ ဒေါက်တာဘွဲ့လွန် သုတေသန ပညာရှင်များ ပါဝင်သည့် လူငယ်မျိုးဆက်သစ် သိပ္ပံပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။
သမ္မတ တန်သည် ၎င်း၏ ခရီးစဉ် အတွင်း Deutsche ဘဏ်နှင့် ဂျာမနီ ဗဟိုဘဏ်ဖြစ်သည့် Deutsche Bundesbank မှ အကြီးတန်း အရာရှိများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။ ထို့အပြင် ၎င်းသည် Frankfurt မြို့ရှိ စင်ကာပူ နိုင်ငံသားများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
စင်ကာပူ နိုင်ငံ သမ္မတ တန် ဂျာမနီနိုင်ငံသို့ သွားရောက်နေစဉ် အတွင်း သမ္မတရုံး တာဝန်များကို လွှတ်တော် ဥက္ကဋ္ဌ Halimah Yacob က ယာယီ တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.