Connect with us

Asia

ဇွန်လအတွင်း သီရိလင်္ကာသို့ တရုတ်ခရီးသွား ဝင်ရောက်မှု ၂၈.၈ ရာခိုင်နှုန်း မြင့်တက်

တရုတ်ခရီးသည်တစ်ဦး နှင့် သီရိလင်္ကာ တံငါသည်များအား အတူတကွ တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်း ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံမှ ခရီးသည်များ ဝင်ရောက်မှုသည် ယခင်နှစ် အလားတူ ကာလမျိုးဖြင့် နှိုင်းယှဉ်ပါက ၂၈.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သီရိလင်္ကာ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အာဏာပိုင်အဖွဲ့(SLTDA) က ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ စာရင်း ဖော်ပြချက်တွင် ဇွန်လအတွင်း သီရိလင်္ကာ နိုင်ငံသို့ ခရီးသွား ဝင်ရောက်မှုတွင် တရုတ်ခရီးသွားများက ၁၉,၉၅၂ ဦး ဖြင့် အကြီးမားဆုံး တိုးတက်ခဲ့ကြောင်း တွေ့ရသည်။ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း သီရိလင်္ကာသို့ခရီးသည် ဝင်ရောက်မှုသည် ၁၁၅,၄၆၇ ဦး ရှိခဲ့ရာ ယခုနှစ် ဇွန်လတွင် ၁၁၈,၀၃၈ ရှိသဖြင့် စံချိန်တင် အရေအတွက် ဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံသို့ခရီးသည်အများဆုံး ဝင်ရောက်မှုတွင် အိန္ဒိယနိုင်ငံက ဆက်လက် ရပ်တည်နေပြီး စုစုပေါင်း ၂၇,ဝ၆၈ ဦးဖြင့် ၂ဝ၁၅ ခုနှစ် အလားတူကာလထက် ၄.၇ ရာခိုင်နှုန်း ထိတိုးတက်ခဲ့သည်။ သီရိလင်္ကာ နိုင်ငံထဲသို့အထူးသဖြင့် တရုတ်နိုင်ငံ အပါအဝင် မြောက်အမေရိက ၊ အနောက်ဥရောပ နှင့် အရှေ့အာရှနိုင်ငံများမှ ခရီးသည် ဝင်ရောက်မှု တိုးတက်လာချိန်တွင့်အရှေ့ဥရောပ ၊ ရုရှား နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ခရီးသည် ဝင်ရောက်မှုသည် သိသာစွာ ကျဆင်းသွားကြောင်း သိရသည်။
သီရိလင်္ကာ နိုင်ငံသည် ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ၁.၈ သန်း ဝင်ရောက်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၂.၉၈ ဘီလီယံ ရှိခဲ့သည်။ ယခင်နှစ်တွင် တရုတ်ခရီးသည် စုစုပေါင်း ၂ သိန်း ဝင်ရောက်ခဲ့ကြောင်း ၊ သီရိလင်္ကာ အတွက် တရုတ် နှင့် အိန္ဒိယ နိုင်ငံများသည် ခရီးသည် အများဆုံး လာရောက်သည့် နိုင်ငံများ အဖြစ် ဆက်လက် တိုးတက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.