Connect with us

Asia

တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံတည်ဆောက်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရေးအတွက် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ ကတိပြု

ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi (ယာ) နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ စက်တင်ဘာလ ၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (China-Pakistan Economic Corridor= CPEC) တည်ဆောက်မှုပူးတွဲမြှင့်တင်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးရန် စက်တင်ဘာလ ၉ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi နှင့် ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။Alvi သည် ပါကစ္စတန်နိုင်ငံ သမ္မတအဖြစ် စက်တင်ဘာလ ၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း ဖြစ်ပြီး ပထမဆုံး ပြည်ပဧည့်သည်တော်အဖြစ် ဝမ်အား လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (ယာ) နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ စက်တင်ဘာလ ၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အစိုးရသစ်အနေဖြင့် CPEC တည်ဆောက်ရေး ခိုင်မာစေရန် ကတိပြုခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် အလုပ်အကိုင်ဖန်တီးရေး စသည့်နယ်ပယ်များ၌ တရုတ်နိုင်ငံထံမှ သင်ယူရန် ဆန္ဒရှိပါကြောင်း ပါကစ္စတန်နိုင်ငံ သမ္မတက ပြောကြားခဲ့သည်။သတင်းအပြည့်အစုံဖတ်ရှုရန် Link- http://www.xinhuanet.com/english/2018-09/09/c_137456633.htm