Connect with us

Asia

တိုကျိုတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား၊ အနည်းဆုံး လူ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရ

တိုကျိုရှိ မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည့် အဆောက်အအုံကို မီးငြှိမ်းသတ်နေသူများနှင့် အလုပ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့တော်နယ်နိမိတ်အတွင်း Tama မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဇူလိုင်လ ၂၆ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးကာ လူပေါင်း ၄၀ ခန့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူ ၄၀ ဦးအနက် ၂၂ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မီးသတ်ဋ္ဌာနထံမှ သိရသည်။

တိုကျို မီးသတ်ဋ္ဌာန၏ ပြောကြားချက်အရ ဒေသစံတော်ချိန် နေ့လယ် ၁း၅၀ နာရီခန့်က Tama မြို့ရှိ ဆောက်လက်စ အဆောက်အအုံ လုပ်ငန်းခွင်၌ မီးလောင်နေကြောင်း အရေးပေါ်ဖုန်းသတင်း လက်ခံရရှိခဲ့သည်ဟု သိရသည်။

မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန် မီးသတ်ကားနှင့် လူနာတင်ကား အစီး ၆၀ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၌ ပြီးစီးရန်လျာထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.