Connect with us

Asia

တောင်ကိုရီးယားနိုင်ငံတွင် ဟိုတယ်မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွား

မီးလောင်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ Cheonan မြို့ ဟိုတယ်တစ်ခုတွင် ဇန်နဝါရီ ၁၄ ရက်က မီးလောင်မှုဖြစ်ပွားရာ လူ၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Cheonanမြို့လယ်ခေါင်ရှိ အခန်း ၄၂၀ ပါ ဟိုတယ်အဆောက်အဦတစ်ခု ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာသတင်းများအရ သိရသည်။

အချင်းဖြစ်ပွားပြီးမကြာမီ အရန်မီးသတ်တပ်ဖွဲ့က အစွမ်းကုန်မီးငြိမ်းသတ်မှုများပြုလုပ်ခဲ့ရာ လက်ရှိတွင် မီးငြိမ်းသွားပြီဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီဖြစ်ကြောင်းနှင့် အချင်းဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.